တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ




တာမွေ  ၊  နိုဝင်ဘာ     ၁၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က           “ တာမွေမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာတွေအနေနဲ့ သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေ၊ အခက်အခဲတွေရှိရင် အခုပြုလုပ်သည့် ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းတင်ပြကြဖို့အတွက် ပထမဦးစွာ ပြောကြားလိုပါကြောင်း၊ ထိုကဲ့သို့ တင်ပြမှသာ မိမိတို့အနေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင် နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အဂတိတရားကင်းရှင်းစွာ နေထိုင်ကြဖို့ များစွာလိုအပ်ပါကြောင်း၊ မြို့နယ် အတွင်း တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးပပျောက်စေရေးအတွက်လည်း ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင် ရာဌာန/ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါကြောင်း၊ မိမိတို့ ရုံးဌာန များသာမက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများ အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးအတွက် လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ မိမိတို့ ရုံးဌာနများ လုံခြုံရေးအတွက် အထူးဂရုပြု ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ကဏ္ဍအလိုက် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ ဒေသခံပြည်သူများအတွက် အကျိုးရှိပြီး ထိရောက်မှုရှိတဲ့လုပ်ငန်းများဖြစ်ဖို့ အဓိကထား ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာမွေ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

အစည်းအဝေးသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)