ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံ သို့ နိုင်ငံတကာမှ ပညာရှင်များ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံ သို့ နိုင်ငံတကာမှ ပညာရှင်များ တက်ရောက်


နေပြည်တော်၊ နိုဝင်ဘာ ၂၅

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံ ဒုတိယနေ့ကို ယမန်နေ့က ဆက်လက်ကျင်းပရာ ဟောပြောပွဲခြောက်ခုဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာမှ ပညာရှင်များ ပါဝင်ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြည်တွင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံများမှ နှလုံးရောဂါဆေးပညာရှင်များက နှလုံးသွေးကြောရောဂါမဖြစ်မီကြိုတင်ကာကွယ်ပုံ၊ နှလုံးသွေးကြောကျဉ်းရောဂါ စမ်းသပ်စစ်ဆေးခြင်းနည်းလမ်းများ၊ နှလုံးသွေးကြောကျဉ်းရောဂါကုသနည်းများ၊ သွေးတိုးရောဂါ၏ နောက်ဆုံးပေါ် ခေတ်မီကုသနည်းများ၊ နှလုံးစက်တပ်ကုသခြင်း၏ တိုးတက်လာပုံအဆင့်ဆင့်၊ ဉာဏ်ရည်တု (Artificial Intelligence-AI) နည်းပညာရပ်ကို နှလုံးလျှပ်စီးပတ်လမ်းကြောင်း ဖြတ်တောက်ကုသခြင်းတွင် အသုံးပြုပုံ၊ နှလုံးစည်းချက်မမှန်သော ရောဂါကို လျှပ်စီးပတ်လမ်းကြောင်း ဖြတ်တောက်ကုသခြင်းနှင့် နှလုံးသွေးကြောမကြီး ရောဂါကုသနည်းများကို တင်ပြဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် မြန်မာနိုင်ငံမှ အထွေထွေရောဂါ ကုဆရာဝန်များ၊ ဆေးညာရှင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကာ မြန်မာနှလုံးရောဂါပညာရပ်ဆိုင်ရာ ပညာရှင်များနှင့်အတူ အတွေ့အကြုံဖလှယ်ခြင်း၊ လက်တွေ့ကုသမှုအတွေ့အကြုံများ မျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ညနေပိုင်းတွင် ညီလာခံအောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။    


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)