မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ ကလေးများမျက်စိအတွင်းတိမ်ရောဂါ ခွဲစိတ်ကုသခြင်းအတွက် အလှူငွေထောက်ပံ့ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ ကလေးများမျက်စိအတွင်းတိမ်ရောဂါ ခွဲစိတ်ကုသခြင်းအတွက် အလှူငွေထောက်ပံ့ခြင်းအခမ်းအနားကျင်းပ




တာမွေ     ၊ နိုဝင်ဘာ     ၂၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် နတ်မောက်လမ်းရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ ယမန်နေ့နံနက်ပိုင်းအချိန်က ကလေးများမျက်စိအတွင်းတိမ်ရောဂါ ခွဲစိတ် ကုသခြင်းအတွက် အလှူငွေထောက်ပံ့ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ပါမောက္ခ/ဌာနမှူး ဒေါက်တာမေသက်နှင်းအေးမှ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍   ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်မှ လှူဒါန်းခြင်းအထိမ်းအမှတ်စကား ပြော ကြားခဲ့ပြီး Myanmar - Japan Collaborative Program (MJCP)၏ ဥက္ကဋ္ဌဖြစ်သူ Professor Shigeru Okada နှင့် အလှူရှင် Mr.Masahiko Takeuchi မှ အထိမ်းအမှတ် အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ဆက်လက်ပြီး Hikari Kanata Foundation မှ အလှူငွေများ ပေးအပ်လှူဒါန်းရာ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံ အုပ်ကြီး ဒေါက်တာခင်ဇော်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အခမ်း အနားသို့ တက်ရောက်လာကြသူများသည် အလှူရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း၊ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ အထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများ၊ အလှူရှင် Hikari Kanata Foundation နှင့် Myanmar - Japan Collaborative Program(MJCP) မှ တာဝန် ရှိသူများ၊ မျက်စိအတွင်းတိမ်ကလေးလူနာများနှင့် ၎င်းတို့၏မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ လှူဒါန်းပွဲတွင် မျက်စိအတွင်းတိမ်ကလေးလူနာများအတွက် ထောက်ပံလှူဒါန်းငွေ ကျပ်သိန်းနှစ်ရာနှင့် မျက်စိမှန် ဘီလူး (၂၆)ခုတို့အား ပေးအပ်လှူဒါန်းခဲ့‌ကြောင်း၊ ထို့အပြင် မျက်စိအတွင်းတိမ် ကလေးလူနာ (၁ဝ)ဦးအား (အခမဲ့) ခွဲစိတ်ပေးသည့်အပြင် ခရီးစရိတ်နှင့် နေစားစရိတ်များပါ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အလားတူ လှူဒါန်းမှုများအား ၂၀၁၈-ခုနှစ် ၊ ၂၀၁၉-ခုနှစ်နှင့် ၂၀၂၃-ခုနှစ်များတွင် ဆောင်ရွက်ခဲ့ပြီး ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် လှူဒါန်းမှု ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)