တန့်ယန်း ၊ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အမှတ်(၄)ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ (၂၁)ကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲကြီးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော်၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောလိယထံမှ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြကာ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment