ဝေါမြို့နယ်တွင် အကြမ်းဖက်သမားများကို ရှော့တိုက်ဒုံးများ၊ လက်လုပ်မိုင်းများ၊ လက်လုပ်သေနတ် ကျည်ဆံနှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်တွင် အကြမ်းဖက်သမားများကို ရှော့တိုက်ဒုံးများ၊ လက်လုပ်မိုင်းများ၊ လက်လုပ်သေနတ် ကျည်ဆံနှင့်အတူ ဖမ်းဆီးရမိ

 


ဝေါ၊ နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့နယ်တွင် အကြမ်းဖက်လှုပ်ရှားမှုများဆောင်ရွက်မည့် လက်နက်ပစ္စည်းများနှင့်အကြမ်းဖက်သမားများအား ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်၏ လုပ်ငန်းလမ်းညွန်မှူများဖြင့် ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ( ၁၆ )ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ်နေသူ ဦးဝင်းမြင့် (၅၆)နှစ်၊ (ဘ)ဦးမောင်သိန်း၊ လယ်လုပ်၊ အောင်ဇေယျကျေးရွာ၊ ဆပ်သွားခြုံကျေးရွာအုပ်စုနေသူအား ရဲတပ်ဖွဲ့မှသတင်းအရ လယ်စောင့်တဲသို့သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့ရာ  ၎င်း၏လယ်တဲ အနောက်ဘက်ရှိလယ်ကွင်းထဲတွင် မြေမြုပ်ထားသည့် ရှော့တိုက်ဒုံး ၃ လုံး၊ cp ပိုက်ဖြင့်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်ခု၊ ပွိုင့်၂၂ ကျဉ်ဆံထည့်ပစ်၍ရသည့် ဘောလ်ပင်သဏ္ဍန် လက်လုပ်သေနတ်တစ်ချောင်း၊ ပွိုင့်၂၂ ခဲကျည် အတို ၄၇တောင့်တို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

၎င်းနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် အောင်ကိုကို(ယာဉ်မောင်း)စက်စုပိုင်း၊ အဗျားငှက်ချေးဝင်းကျေးရွာနေသူအား ဖမ်းဆီးရမိခဲ့ပြီး ဝေါမြို့နယ်ရဲစခန်းတွင် ကွင်းဆက်များအား စစ်ဆေးဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)