ကျိုက်ထို ၊ နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်း၏ဝဲဘက်ရှိ ဦးတင့်လွင်(စိစစ်ဆဲ)ပိုင် ရာဘာခြံအတွင်း၌ ဦးမြင့်ကျော် (မှိုင်းခံရုံတာဝန်ခံ)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရာဘာခြံအတွင်း ရာဘာမှိုင်းခံရုံ၌ ယမန်နေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်းမှုဖြစ်ပွားရာသို့ ကျိုက်ထိုမြို့နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောစိုးစိုးမြင့်နှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် (၃)စီးဖြင့် မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိခဲ့ပြီး မီးငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၅၂ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ရာဘာမှိုင်းခံရုံ (၂၀ × ၁၅) ပေ အုတ်ညှပ်အဆောက်အဦအတွင်း ရာဘာပြားပေါင်(၇၀ဝ)ခန့် မီးလောင်ကျွမ်းခဲ့ပြီး အုတ်ညှပ်အဆောက်အဦ (၂၀ × ၁၅) ပေ အမိုးအနည်းငယ်မီးလောင်ခံရကာ လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
အဆိုပါမီးလောင်မှုသည် ရာဘာမှိုင်းခံရုံ (၂၀×၁၅)ပေ အုတ်ညှပ်အဆောက်အဦအတွင်း ရာဘာပြားပေါင်(၇၀ဝ)ခန့် မီးအပူပေးရာမှ အပူချိန်များပြီး ရာဘာပြားများအား မီးကူးစက် လောင်ကျွမ်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထို
https://t.me/MyanmarNationalPost
No comments:
Post a Comment