လယ်ဝေး ၊နိုဝင်ဘာ ၁၈
လယ်ဝေးမြို့နယ် ၂၀၂၄-၂၀၂၅ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ရေကြီးနစ်မြုပ်ပျက်စီးဧရိယာများအတွက် ဆောင်းသီးနှံ မတ်ပဲ၊ နေကြာမျိုးများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအနီးရှိ အဆင့်မြင့်လယ်ယာမြေ ဧက ၂၀၀ ရှင်းလင်းဆောင်တွင် ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ MEC မှ တာဝန်ရှိသူတစ်ဦးက ရေကြီးနစ်မြုပ် ပျက်စီးဧရိယာများတွင် စိုက်ပျိုးမည့် ဆောင်းဆီထွက်သီးနှံများအတွက် သွင်းအားစုများဖြန့်ဖြူးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမှု၊ နွေစပါးပြန်လည်ကောက်ခံပေးသွင်းမှု၊ ဆောင်းဆီထွက်သီးနှံများစိုက်ပျိုးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး တောင်သူများက လိုအပ်ချက်များတင်ပြရာ သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်နှင့် တာဝန်ရှိသူများက ရေကြီးနစ်မြုပ်ဧရိယာများမှ တောင်သူများအား ဆောင်းသီးနှံမတ်ပဲနှင့် နေကြာမျိုးများ ပေးအပ်သည်။ ထို့နောက် ခရမ်းကိုင်းကျေးရွာမှ တောင်သူ ဒေါ်သင်းသင်းခိုင်၏ မျိုးစေ့ထုတ်စိုက်ကွက် ၃ ဧက၌ မိုးစပါးစံကွက်ရိတ်သိမ်းရာ(အစို) ၁၀၈ တင်းထွက်ရှိကြောင်း သိရသည်။
ဝေကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment