ဟားခါး၊ နိုဝင်ဘာ ၁
ချင်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ပြုစုတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ချင်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ပြုစုတင်ပြနိုင်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများ လျာထားရာတွင် ပြီးခဲ့သည့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် လျာထားဆောင်ရွက်နိုင်မှုကိုစံထား၍ မနည်းလွန်း၊ မများလွန်းသည့်ပမာဏဖြင့် လျာထားရမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအလိုက် လုပ်ငန်းလျာထားမှုအခြေအနေများကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ချင်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ရန် လျာထားရေးလုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် လမ်းတံတားနှင့်အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတလုပ်ငန်းဆပ်ကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုလုပ်ငန်းဆပ်ကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဆပ်ကော်မတီနှင့် စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားလုပ်ငန်းဆပ်ကော်မတီတို့မှ အတွင်းရေးမှူးများဖြစ်ကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆပ်ကော်မတီအတွင်းရေးမှူးများ၏ တင်ပြချက်များအပေါ် ပြည်နယ်စီမံကိန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ချင်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ချင်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment