တောင်ကြီးနှင့် အင်းလေးဒေသခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးနှင့် အင်းလေးဒေသခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


နေပြည်တော်၊ နိုဝင်ဘာ ၂၇

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်နှင့်အတူ ၂၅-၁၁-၂၀၂၄ ရက်နေ့က တောင်ကြီးမြို့၏ အထင်ကရ ခရီးသွားဆွဲဆောင်ရာနေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်မှုကို ကြည့်ရှုပြီး အလှူငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် Villa Inle Boutique Resort သို့ သွားရောက်၍ ခရီးသွားဧည့်သည်များ အား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့သည် ညောင်ရွှေခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား ညောင်ရွှေ မြို့ရှိ Aureum Palace Hotel ၌ တွေ့ဆုံ၍ ညောင်ရွှေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအဆင်ပြေစေရေးနှင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ရေး၊ ဒေသထွက်အစားအစာနှင့် ရိုးရာလက်မှုပစ္စည်းများ၊ အမှတ် တရလက်ဆောင်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးရာဝန်ကြီးက ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးပြီး တက်ရောက်လာသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဟိုတယ်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)