ဓနုဒေသ ပင်းတယမြို့၌ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဒေသ ပင်းတယမြို့၌ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ





ပင်းတယ၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ ဆူးဗိုလ်ကုန်းရပ်ကွက် အမှတ်(၁) အထကကျောင်း၊ မြတ်ရတနာခန်းမဆောင်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားအား ယနေ့၁၃၈၆ခုတန်ဆောင်မုန်းလပြည့်ကျော်၁၀ ရက်နေ့ နံနက် ၉နာရီအချိန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်း(ပင်းတယ) မှ ကျောင်းသား/ကျောင်းသူလေးများတို့က "ဇာတိမာန်"တေးသီချင်းကို သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးထိန်လင်းအောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပိုလာသည့် သဝဏ်လွှာအား ဖတ်ကြားတင်ပြသွားသည်။


အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်၍ ဆုရရှိခဲ့ကြသည့် (ထက်~လယ်~မူ)ကျောင်းသားကျောင်းသူများအား (ပ+ဒု+တ)ဂုဏ်ပြုဆုငွေများကို ဒေသပညာရေးမှူး ဦးခင်ဇော်ထွန်း၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ် ဌဦးထိန်လင်းအောင်နှင့် အဖွဲဝင်(၁) ဗိုလ်မှူးဇာနည်စိုး တို့က ပေးအပ်ချီးမြင့်ခဲ့ကြပြီး အထက-ပင်းတယ ကျောင်းသား/ကျောင်းသူလေးများတို့က "မြန်မာ့ကျောင်း" တေးသီချင်းဖြင့် သီဆိုဖျော်ပေးကြ၍ အခမ်းအနားအောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။


သတင်း - PK

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)