မှော်ဘီမြို့နယ်၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ




မှော်ဘီ   ၊    နိုဝင်ဘာ      ၂၃



ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပ ပျောက်ရေးဆိုင်ရာ အလုပ်အကိုင်လအခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ဦးဆောင် မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့် လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင် တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီက မြန်မာ့ဆန်စပါးသုတေသနရုံးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အလုပ်သမား ညွှန်ကြားရေးမှူးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင် ကအဖွင့်အမှာစကား ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသားများအား ဆုများအသီး သီးချိးမြှင့်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ် ခဲ့သည်။


အဆိုပါသင်တန်းဆင်းပွဲသို့ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနညွှန်ကြား ရေးမှူး ဦးစိုးနိုင်၊မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်နိုင်၊အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊အဖွဲ့ဝင်(၂)ဦးထင်ကျော်၊မှော်ဘီမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊ မှော်ဘီမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)