၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၂၁

၂ဝ၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ တတိယနေ့၊ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများက ကြည့်ရှုစစ်ဆေးကြပြီး ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။ 

ထို့နောက် ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် (၁၄၁)မှ အတွဲအမှတ် (၂၈၀) အထိ ပုလဲအတွဲများကို ရတနာကုန်သည် များက ကြည့်ရှုစစ်ဆေးပြီး ဈေးနှုန်းတင်သွင်းလွှာများကို  သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။ 

ယင်းနောက် ပုလဲအတွဲအမှတ် (၁၄၁)မှ အတွဲအမှတ်(၂၈၀)အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲပေါင်း ၁၀၀ ရောင်းချရ ကြောင်း ကြေညာသည်။ 

ယနေ့ညနေပိုင်းတွင် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါ ဖွင့်ဖောက်စစ်ဆေးမှုနှင့် တင်ဒါ အောင်သည့် ပုလဲအရောင်းစာရင်း များ ထုတ်ပြန်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ 

ပြပွဲစတုတ္ထနေ့တွင် ကျောက် မျက်အတွဲပေါင်း ၁၆၀ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါ ကျောက်မျက်အတွဲများအတွက် အခြေခံဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားကာ ဝယ်ယူခွင့် ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ဘတ်ငွေနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့်လည်းကောင်း ၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေ ဝယ်ယူနိုင်မည်ဖြစ်သည်။

အလားတူ အုပ်စု(အေ၊ ဘီ၊ စီ) အဖြစ် သုံးအုပ်စုခွဲထားသော ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀ အနက် အုပ်စုအေ နှင့် အုပ်စုဘီ မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ လည်းကောင်း၊ အုပ်စုစီ မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး ရောင်းချပေးသွားမည်ဖြစ်သည်။ 

ယခုကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နိုဝင် ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။


သတင်း - အေးအေးသန့်၊ ဓာတ်ပုံ - ဖိုးပြည့်စုံ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)