သက်ဆိုင်ရာ တာဝန်ရှိသူတွေက တက်တက်ကြွကြွ လိုက်လုပ်ဖို့ပဲ လိုအပ်တယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သက်ဆိုင်ရာ တာဝန်ရှိသူတွေက တက်တက်ကြွကြွ လိုက်လုပ်ဖို့ပဲ လိုအပ်တယ်


နိုင်ငံရေးအရ တရုတ်နိုင်ငံအနေနဲ့ ယခင်ကလိုပဲ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အားပေးပါတယ်။ ဒါတွေကို ထပ်မံထပ်လောင်း အသိအမှတ်ပြုတယ်။ တရုတ်နိုင်ငံရဲ့နယ်နိမိတ်၊ တရုတ်နိုင်ငံရဲ့နယ်မြေကိုအခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့သူတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှကိုလက်မခံကြောင်း ပြောပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့တယ်။ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့သူတွေ မြန်မာနိုင်ငံထဲမှာ အခြေမပြုနိုင်အောင် ကျွန်တော်တို့ထပ်မံပြီးတော့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ ဒါကနိုင်ငံရေးပိုင်းနဲ့ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ခိုင်မာစေဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းအားပေးထောက်ခံမှုကိုလည်း ရရှိခဲ့တယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကိုရရှိအောင် ဆွေးနွေးနိုင်ခဲ့တယ်။ နောက်တစ်ခု စီးပွားရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ကူမင်းနဲ့ ချုံချင့်မှာလည်း တွေ့ဆုံခဲ့တယ်။ အောင်မြင်မှုရခဲ့တယ်။ မြန်မာနိုင်ငံကိုလာရောက်ပြီး စီးပွားရင်းနှီးမြှုပ်နှံလိုမှု၊ စိတ်ဝင်စားတဲ့သူတွေများပါတယ်။ ကျွန်တော်တို့အနေနဲ့က တရုတ်နိုင်ငံမှာ ဆောင်ရွက်ခဲ့တာတွေကို Action Plan အနေနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေက တက်တက်ကြွကြွ လိုက်လုပ်ဖို့ပဲ လိုအပ်တယ်လို့ မြင်ပါတယ်။ တရုတ်ရဲ့ One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း မကြာမီတိုးမြင့်လာမယ်လို့ မျှော်မှန်းပါတယ်။


တရုတ်ပြည် ခရီးစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ရှင်းလင်းပြောကြားချက်မှ ကောက်နှုတ် ဖော်ပြသည်။

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)