ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၁
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းနှင့်ဇနီးသည် မလေးရှားနိုင်ငံ၊ ဆီလန်ဂေါ ပြည်နယ်ရှိ Thai Buddhist Chetawan Temple ၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းတွင် ထိုင်းသံရုံးမှ ကြီးမှူးကျင်းပသည့် တော်ဝင်ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ထိုင်းဘုရင် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua မှ လှူဒါန်းသည့်သင်္ကန်းများအား သံဃာတော်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ယင်းအခမ်းအနားသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် H.E. Paisan Rupanichkij နှင့် ကွာလာလမ်ပူမြို့အခြေစိုက် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် သီရိလင်္ကာသံရုံးများမှ သံအမတ်ကြီး/ မဟာမင်းကြီးများ နှင့် ၎င်းတို့၏ဇနီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment