တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်



မန္တလေး၊ နိုဝင်ဘာ ၄

ငါန်းဇွန်မြို့နယ်၊ စီကောင်းကျေးရွာဘက်မှ PDF အကြမ်းဖက်သမားများသည် ၂-၁၀-၂၀၂၄ ရက်နေ့ ၂၁:၃၀ အချိန်ခန့်တွင် ဆိုင်ကယ်များဖြင့် တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးနွယ်နှင့် ဦးကျော်ဦး (ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်) တို့ကို ရက်စက်စွာ သတ်ဖြတ်သွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည်  ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမိုးနွယ် နေအိမ်ရှေ့သို့ ရောက်ရှိပြီး ဦးမိုးနွယ်၏ အမည်ကိုခေါ်ခဲ့ရာ ဦးမိုးနွယ်မှ အကြမ်းဖက်သမားများဖြစ်ကြောင်း သိရှိသဖြင့် နေအိမ်ခြံဝိုင်းအတွင်းမှ ထွက်ပြေးစဉ် အကြမ်းဖက်သမားများက ဝိုင်းဝန်းဖမ်းဆီးပြီး နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးမိုးနွယ်တွင် ယာဘက် ရင်ဘတ် ဖောက်ဝင်ဒဏ်ရာ ၃ချက်၊ ယာဘက်ပါးနှင့်မေးစေ့အနီး ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ဦးခေါင်းနောက်စေ့ ဝဲ/ယာ ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၂ချက်၊ဝဲဘက်ကျော ဖောက်ထွက်ဒဏ်ရာ ၂ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် ငါန်းဇွန်ဘက်သို့ ကားလမ်းအတိုင်း ပြန်ထွက်သွားစဉ် ထနောင်းကိုင်းကျေးရွာအဝင်တွင် ဦးကျော်ဦး ထနောင်းကုန်းကျေးရွာနေသူ (ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးကော်မတီဝင်)အား တွေ့ရှိ၍ အကြမ်းဖက်သမားများမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးကျော်ဦးတွင် ယာဘက် မျက်လုံးနှင့်နောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာဘက်မေးစေ့ ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ဝဲဘက် လက်ခုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာဘက်ရင်အုံအနီး ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးသွားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)