ပေါင်၊ နိုဝင်ဘာ ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပညာရေးမိသားစု(သတ္တမ)အကြိမ်မြောက် ဓမ္မစကြာနှင့်ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲကို ယနေ့နံနက် ( ၇ )နာရီက မုကျိကျေးရွာ မဟာဗောဓိစေတီတော်မြတ်၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ပေါင်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒောဘာသ ဘုရာကြီးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မုကျိတိုက်ကျောင်းဆရာတော် အရှင်ဉေယျဓမ္မထံမှ ဩဝါဒ ခံယူခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေး က ဓမ္မစကြာနှင့်ပဌာန်းဒေသနာတော်မြတ်ရွတ်ဖတ် ပူဇော်ပြိုင်ပွဲများတွင်ဆုရရှိမှုနှင့်စပ်လျဉ်း၍ လျှောက်ထားတင်ပြခဲ့သည်။
အဆိုပါပြိုင်ပွဲကို ပေါင်မြို့နယ်အတွင်းရှိ (အထက) နှင့် (အလက)ကျောင်းများ၌ ဓမ္မစကြာ တစ်ဖွဲ့လျှင် (၂၂)ဦး၊ပြိုင်ပွဲဝင် ( ၁၉ )ဖွဲ့၊ပဌာန်းဒေသနာတော် တစ်ဖွဲ့လျင် (၂၅)ဦး၊ ပြိုင်ပွဲဝင် ( ၁၃ )ဖွဲ့ တို့ဖြင့် နိုဝင်ဘာလ (၁၇)ရက်နေ့မှ(၁၉) ရက်နေ့အထိ (၃)ရက်ကြာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ နှင့်အခြားဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment