ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ငွေကျပ်သိန်း ၂,၉၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ငွေကျပ်သိန်း ၂,၉၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ နိုဝင်ဘာ ၂၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နိုဝင်ဘာလ ၁၉ ရက်နေ့ ၀၅၀၀ အချိန်  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇)ရပ်ကွက်တွင် ချမ်းငြိမ်းဇော်(ခ)ဖိုးသား မောင်းနှင်ပြီး တိုးပိုင်၊ မောင်မောင်အေး နှင့် မျိုးဝင်း(ခ)အောင်ကိုလတ် တို့လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၉၀၀)နှင့် လက်ကိုင်ဖုန်း ၆ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၂၀ ရက်နေ့ ၁၂၃၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကိုနိုင်(ခ)ဇော်မင်းအောင် အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့် လည်းကောင်း၊ နိုဝင်ဘာလ ၂၁ ရက်နေ့ ၂၃၄၀ အချိန် ရာဇာဖြိုး(ခ)ပခူးလူညီ အား ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့် လည်းကောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ၀၁၃၀ အချိန် မဌေးဌေးစိန် အား ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ချမ်းငြိမ်းဇော်(ခ)ဖိုးသား(၂၉)နှစ်၊ တိုးပိုင်(၃၂)နှစ်၊ မောင်မောင်အေး(၆၂)နှစ်၊ မျိုးဝင်း(ခ)အောင်ကိုလတ်(၃၈)နှစ်၊ ကိုနိုင်(ခ)ဇော်မင်းအောင်(၄၀)နှစ်၊ ရာဇာဖြိုး(ခ)ပခူးလူညီ(၃၇)နှစ် နှင့် မဌေးဌေးစိန်(၃၉)နှစ်တို့အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)