အောင်ပန်း၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုး ထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်း သီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
"ဒီပြပွဲကို ကလော၊ အောင်ပန်းနဲ့ ပင်းတယဒေသတွေက တောင်သူတွေ အတွက် အဓိကကျင်းပတာပါ။ တောင်သူ တွေအနေနဲ့ အစုအဖွဲ့လိုက် ရောင်းဝယ် တတ်စေဖို့နဲ့ ဈေးကွက်ကောင်းတွေရရှိ စေဖို့ ရည်ရွယ်ကျင်းပတာပါ။ တောင်သူ တွေက အရင်က စိုက်ပျိုးပြီးရင် အဆင်ပြေ . တဲ့ပွဲရုံတွေမှာပဲ ရောင်းကြတယ်။ အခုက ပြပွဲကနေတစ်ဆင့် ရောင်းကြတာပေါ့။ တောင်သူနဲ့ကုန်သည်တွေ တိုက်ရိုက် ချိတ်ဆက်ဝယ်ယူနိုင်မယ်။ ငရုတ်နဲ့ တွဲစိုက်တဲ့ ကြက်သွန်ဖြူ၊ ချင်းတွေပါ ပါဝင်ပြသမှာဖြစ်ပါတယ်" ဟု တောင်သူ ဈေးမှ ဈေးကွက်ဖွံ့ဖြိုးရေးတာဝန်ခံ ဦးသန်းကျော်ဆင့်ကပြောသည်။
အဆိုပါပြပွဲတွင် ဝယ်ယူသူများအနေ ဖြင့် တောင်သူများနှင့်တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်မည့်အပြင် စိုက်ပျိုးသူများ အဆင်ပြေစေရန် ပြပွဲကို ၁၅ ရက် လျှင်တစ်ကြိမ် ကျင်းပမည်ဖြစ်ကြောင်း၊ တောင်သူဈေးနှင့်အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်များ ဈေးကောင်းရရှိစေရန် အခြေခံဈေးနှုန်းများ သတ်မှတ်ဝယ်ယူ ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တောင်သူများအတွက် စိုက်ပျိုးနည်းပညာအပြင် ဒေသမျိုးသန့်မျိုးစေ့များ၊ ဆိုလာရေသွင်းစက်များ၊ မြေဩဇာများနှင့် စိုက်ပျိုးစရိတ်ကြိုတင်ထုတ်ပေးသည့် ဝန်ဆောင်မှုများကိုပါ တစ်နေရာ တည်းတွင်ရရှိနိုင်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များနှင့်လည်း အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
CRD - MWD
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment