နေပြည်တော်၊ နိုဝင်ဘာ ၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နိုဝင်ဘာလ ၂ ရက်နေ့ ၀၉၀၀ အချိန် နမ့်စန်မြို့၊ အမှတ်(၄)ရပ်ကွက်၊ စွယ်တော်လမ်းနေ ရဲရင့်အောင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
၁၀၀၀ အချိန် အဆိုပါလမ်းနေ မျိုးဝင်းထွန်း(ခ)ကိုလင်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀)အား လည်းကောင်း၊ ၁၁၀၀ အချိန် နမ့်စန်မြို့နယ်၊ အမှတ်(၇)ကျောက်တောင်နေ မရီ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁ သိန်း)အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ရဲရင့်အောင်(၂၆)နှစ်၊ မျိုးဝင်းထွန်း(ခ)ကိုလင်း(၄၃)နှစ် နှင့် မရီ(၅၄)နှစ်တို့အား နမ့်စန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment