နေပြည်တော်၊ နိုဝင်ဘာ ၇
နိုဝင်ဘာ ၆ ရက်မနက် ၄ နာရီအချိန်ခန့်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်သားများသည် Serchhip မြို့ Sailiamkawn ဧရိယာတွင် ဖောက်ခွဲရေးပစ္စည်းများ အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း The Times of India သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ဖောက်ခွဲရေးပစ္စည်းအများအပြားတင်ဆောင်လာသောကားတစ်စီး ကို အာသံရိုင်ဖယ်တပ် က ရပ်တံ့ရှာဖွေရာ TNT ယမ်းထုတ် ၁၀၀၀၀ စီပါ သော သေတ္တာ ၄၈ လုံး နှင့် စနက်ကြိုး တစ်ခွေလျှင် ၁၉၀၀ မီတာ ပါ ၅ လိပ် ၊ စနက်တန် ၉၄၀၀ တောင့် ၊ လူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖောက်ခွဲရေးပစ္စည်းများကို မြန်မာဘက်ခြမ်းရှိ အစိုးရဆန့်ကျင်နေသော သူပုန်အုပ်စုများထံ ပို့ဆောင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းစာ၏ အဆိုအရ ဖမ်းဆီးရမိသူ ၂ဦးကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment