ပေါင်၊ နိုင်ဝင်ဘာ ၉
မွန်ပြည်နယ်အတွင်း ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အဦးများတွင် သာယာလှပမှုရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမတောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသည့် သမိုင်းဝင် (၁၆) ဌာန ကျိုက်ဆေကလောင် ရှေးဟောင်းစေတီတော်မြတ်ကြီး ပြန်လည် မွမ်းမံ ပြုပြင်နိုင်ရေးအတွက်ကြည့်ရှူခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က မုတ္တမကျေးရွာအုပ်စု၊ ဇေတဝန်ရပ်ကွက်ရှိ ကျိုက်ဆေကလောင် ရှေးဟောင်းစေတီတော်မြတ်ကြီးတွင် သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး စေတီတော်မြတ်ကြီးအား ရှေးဟောင်းမူမပျက်အတိုင်း ပြန်လည်မွမ်းမံ ပြုပြင် ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုက်ဆေကလောင် ရှေးဟောင်းစေတီတော်မြတ်ကြီးကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost






No comments:
Post a Comment