ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြို့တည်နှစ် (၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြို့တည်နှစ် (၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




ဒဂုံဆိပ်ကမ်း  ၊နိုဝင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တည်ထောင်ခြင်း နှစ် (၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများအပြင် ပြင်ပစာရေးဆရာများ ဖိတ်ခေါ်၍ စာမူများ၊ ဝတ္တု၊ ပန်းချီ၊ ကာတွန်းများဖြင့် ဝေဝေဆာဆာဖော်ပြပေးနိုင်ရေး ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌက မဂ္ဂဇင်းတွင် သုံးမည့်စာမူများအား စိစစ်ရွေးချယ်နိုင်ရေးဘုတ်အဖွဲ့များဖွဲ့စည်းနိုင်ရေး၊ စာမူများအား သတ်မှတ်ရက်စွဲတွင် လက်ခံစိစစ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော စာရေးဆရာအသင်းနာယကနှင့် စာရေးဆရာများက မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် နှစ် (၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ် မဂ္ဂဇင်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းမှ ၎င်းတို့ရေးသားထားသော သုတ/ရသ စာအုပ် (၂၀) အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်အား လှူဒါန်းပေးခဲ့ကြောင်း သိရပါသည်။


ဖြိုးစန္ဒာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)