နေပြည်တော်၊ နိုဝင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဌ H.E. Mr. Tsydenov Alekesei Sambuevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖ က်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဒေါက်တာချာလီ သန်း၊ ဦးထွန်းအုံ၊ ဒေါက်တာ ညွန့်ဖေနှင့် ဒေါက်တာ သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲ၊ ဘူရားတီး ရားပြည်နယ်အစိုးရ ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ ဘူရားတီးရားပြည်နယ် ဒုတိယ အကြီးအကဲ၊ ကျန်းမာရေးဝန်ကြီး Mrs. Ludupova Evgeniia lurevne နှင့် ကိုယ်စား လှယ်အဖွဲ့များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကြိုဆိုနှုတ် ခွန်းစကားပြောကြားရာ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်သည် မိမိတို့နိုင်ငံနှင့်ထူးခြားသော ဆက်ဆံရေးရှိသည့် ပြည်နယ် တစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက် လည်ပတ်မှုအတွက် ကြိုဆိုဂုဏ်ပြုပါ ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဘူရားတီးရားပြည်နယ် အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌ က ယခုကဲ့သို့ သာယာလှပသည့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခွင့်ရသည့်အတွက် မိမိအနေဖြင့်များစွာ ဂုဏ်ယူမိပါကြောင်း၊ လာရောက် လည်ပတ်သည့်အချိန်တွင်လည်း မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှု များကိုများစွာခံစားမိပါကြောင်း၊ မိမိတို့ကိုယ်စားလှယ်အဖွဲ့ရောက်ရှိ လည်ပတ်ချိန် များ၌လည်း မြန်မာနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် မြန်မာပြည်သူများ၏ရင်းနှီးနွေးထွေး စွာဖြင့်ကြိုဆိုမှုနှင့် အထူးဧည့်ဝတ် ကျေပွန်မှုများကိုလည်း မြင်တွေ့ရသည့်အတွက် မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီးနွေးထွေးသော ဆက်ဆံရေးရှိသည့် ခံစားမှုများကို ရရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် စပါး၊ ဆီထွက်သီးနှံနှင့် ပဲများကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သဘာဝ မြေဩဇာများ ထုတ်လုပ်နိုင်ရေး စက်ရုံများတည်ဆောက်လျက်ရှိမှုအခြေအနေများ၊ ဆီထွက် သီးနှံဖြစ် သည့် နေကြာစိုက်ပျိုးမှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင် သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ ထွက် ရှိသည့် သစ်တောထွက်ပစ္စည်းများဖြင့် သစ်ပါးလွှာနှင့် ပျော့ဖတ်များ ထုတ်လုပ်နိုင်သည့်အခြေအနေများ၊ ရာဘာစိုက်ပျိုး ထုတ်လုပ်မှုနှင့် ဝါ စိုက်ပျိုးမှုတိုးတက် ထုတ်လုပ်နိုင်ရေးနှင့် ကုန်ကြမ်းများကို ကုန်ချော အဖြစ် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ စက်မှုကုန် ထုတ်လုပ်ငန်းများတွင် နည်းပညာမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေ အနေများ၊ တွင်းထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍ
များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် တိုက်ရိုက် လေကြောင်းပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များ၊ လူသာ သားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာတော်သင်များ စေလွှတ်ရေးနှင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍတွင် တွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို မြှင့်တင်ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များ၊ ဘာသာေ ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ များတွင် အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲ မှုအခြေအနေများနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရား ပြည်နယ်အစိုးရဥက္ကဋ္ဌ တို့သည် အမှတ်တရလက် ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြသည်။
အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရား ပြည်နယ်အစိုးရဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ရောက်ရှိနေချိန် အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးအပါအဝင် အထင်ကရနေရာများ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာကမ်းခြေနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခဲ့ပြီး ဆက်လက်၍လည်း မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment