ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဟောင်းဖြစ်သူ ဦးအုန်းမောင်မိသားစု ပိုင်ဆိုင်သည့် ဟိုတယ် မီးလောင် ပြာကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဟောင်းဖြစ်သူ ဦးအုန်းမောင်မိသားစု ပိုင်ဆိုင်သည့် ဟိုတယ် မီးလောင် ပြာကျ



ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် မီးပုံးပျံပျက်ကျမှုကြောင့် Inle Princess Resort မီးလောင်ကျွမ်းခဲ့ပြီး ဟိုတယ်တစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ရကြောင်း ယနေ့ နံနက်ပိုင်း သတင်းများအရ သိရသည်။


အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့် Inle Princess Resort သည် ယခင် NLD အစိုးရဟောင်း၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဟောင်းဖြစ်သူ ဦးအုန်းမောင်မိသားစု ပိုင်ဆိုင်သည့် ဟိုတယ်ဟု သိရှိရပြီး ထိုဟိုတယ်သည် ပြီးခဲ့သည့် ကိုဗစ်ကာလကတည်းက ပိတ်ထားသည့် ဟိုတယ်ဖြစ်ခြင်း‌ကြောင့် မီးလောင်မှု ဖြစ်ပွားစဉ်တွင် ထိခိုက်သေဆုံးသူ မရှိကြောင်း ပြည်တွင်း သတင်းဌာနများက ရေးသားဖော်ပြခဲ့ပြီး ပြည်ပြေး ဝရမ်းပြေး မီဒီယယာတစ်ခု က NLD အစိုးရလက်ထက်က ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင် နဲ့ သမီးဖြစ်သူ ဒေါ် ယာဉ်မျိုးစု ဆိုသူတို့ ပိုင်ဆိုင်တဲ့ Inle Princess Resort ဟိုတယ်ဟာ မနေ့က ညပိုင်းမှာပဲ မီးလောင်ပြာကျသွား တယ်လို ဒေသခံသတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြထားသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)