ပြည်ဖျက်မိစ္ဆာတွေ ငိုပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မိစ္ဆာတွေ ငိုပွဲ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေနဲ့ ရဟန်းရှင်လူပြည်သူများရဲ့ ပြစ်တင်ပြောဆိုမှုကို သည်းခံပြီး တစ်ဖက်က အကြမ်းဖက်လမ်းစဉ်ပေါ်ရောက်သွားတဲ့ လူငယ်တွေကို အချိန်ပေးပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ ဖိတ်ခေါ်ချက်မှာ ဥပဒေအရ အရေးယူခံရနိုင်တဲ့ ပြစ်မှုကျူးလွန်ထားခြင်း မရှိရင် ဘာမှ ပြစ်ဒဏ်ခံစရာမလိုဘဲ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်အောင် ကာလရှည်ကြာလမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဆင်ခြင်တုံတရားရှိပြီး ကိုယ်တိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ လူငယ်တွေ၊ ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်ကို သိမြင်လာတဲ့ လူငယ်တချို့ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြပါတယ်။ လူငယ်အများစုကတော့ ပြည်ဖျက်မိစ္ဆာတွေရဲ့ အသုံးချခံဘဝကနေ ရုန်းထွက်ဖို့ မလွယ်တော့ဘူး။ NLD လွှတ်တော်အမတ်ဟောင်းတွေနဲ့ KIA, KNU အကြမ်းဖက်အဖွဲ့တွေ ခိုင်းစေသမျှ မိုက်ရူးရဲဆန်ဆန် လုပ်ရင်းက သည်းခံခွင့်လွှတ်လို့ မရတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြတယ်။ သံဃာတော်တွေကို သတ်တယ်။ ဆရာ/ဆရာမ၊ ကလေးသူငယ်ပါ မကျန် ရက်စက်စွာ သတ်ဖြတ်သည်အထိ လူအသိစိတ် မရှိတော့တဲ့ တိရစ္ဆာန်လောက်မှ ဆင်ခြင်တုံတရားမရှိတဲ့ အကြမ်းဖက်သမားတွေ ဖြစ်လာကြတယ်။

နီပိန်းတွေ အခုလို ဖြစ်လာဖို့အတွက်ကိုလည်း NLD လွှတ်တော်အမတ်ဟောင်းတွေနဲ့ KIA, KNU အစရှိသော တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ အကြမ်းဖက်ခေါင်းဆောင်တွေက မူးယစ်ဆေးဝါးနဲ့ လူငယ်တွေကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ ဆေးကြောင်ပြီး တိုက်နေတဲ့ နီပိန်းပဒက်တွေဟာ ပစ်ကွင်းထဲ ပြေးဝင်လာပြီး ကနေသည်အထိ ရူးသွပ်နေပုံတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြင်တွေ့ခဲ့ရပါတယ်။ ဖမ်းဆီးရမိတဲ့အခါမှာလည်း ဆေးကြောင်ပြီး ပြောချင်ရာ ပြောနေတာမျိုးတွေကို တွေ့ခဲ့ကြရပါတယ်။

ပြန်တွေးကြည့်ရင် NLD ကို အစွန်းရောက် ထောက်ခံအားပေးခဲ့တဲ့ ပြည်သူတွေမှာ အင်မတန် သနားစရာကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားတဲ့ စိတ်နဲ့ NLD ကို အားပေးထောက်ခံမိရာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမီနားခိုပြီး ကိုယ်ကျိုးရှာလိုသူတွေရဲ့ အသုံးချခံ ဖြစ်ခဲ့ရတယ်။ အသုံးချခံရတဲ့ အခြေအနေဟာလည်း အကျိုးစီးပွား ပျက်စီးဆုံးရှုံးမှုလောက်သာမဟုတ်ဘဲ သေတွင်းထဲ တွန်းပို့သည်အထိ အသုံးချခံရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ NUG, CRPH ရဲ့ လုပ်ရပ်တွေ ရုပ်လုံးပေါ်လာတဲ့အတွက် အသုံးချခံဖြစ်နေတဲ့ လူငယ်တွေကို နိုင်ငံတော်အစိုးရက ကယ်တင်နိုင်သမျှ ကယ်တင်လို့ရအောင် လမ်းဖွင့်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့  က "နိုင်ငံရေးပြဿနာအားနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်း" ခေါင်းစဉ်နဲ့ ၂၆-၉၂၀၂၄ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာဆိုရင် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွား ခဲ့သော မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးပြဿနာများကို အေးချမ်းစွာပြီးဆုံးစေရန် အတွက် နိုင်ငံရေးနည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်းဖြေရှင်းရန် ကြိုးပမ်းခဲ့မှုကို လျစ်လျူရှု၍ နိုင်ငံတော် အာဏာကို မမှန်မကန်သောနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့၍သာ တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ လွှဲပြောင်းရယူ ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ် နှင့်အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန် အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်သူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်။" ဟု ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါကတော့ အစိုးရတစ်ရပ်အနေနဲ့ တိုင်းဖျက် ပြည်ဖျက်လုပ်ဆောင်နေသူအတွေအပေါ်မှာ အတိုင်းထက် အလွန် သဘောထားကြီးစွားနဲ့ ကမ်းလှမ်းဖိတ်ခေါ်မှု ဖြစ်ပါတယ်။

ယခုလို ထုတ်ပြန် ဖိတ်ခေါ်ရခြင်းနဲ့ ပတ်သက်လို့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ရှင်းလင်း ပြောကြားချက်မှာ "တပ်မတော်အနေနဲ့ နိုင်ငံရေးတာဝန် ရယူခဲ့ရခြင်းရဲ့ အဓိကအခြေခံ အကြောင်းတရားကတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒါ နိုင်ငံရေးအရ မသမာမှုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ညစ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ နိုင်ငံရေးပြဿနာပါ။ ဒါကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ တပ်မတော်က တရားဥပဒေနဲ့အညီ တောင်းဆိုခဲ့ပါ တယ်။ လွှတ်တော်နည်းလမ်း၊ အခြေခံဥပဒေခုံရုံးနည်းလမ်း၊ တရားလွှတ်တော်ချုပ်နည်းလမ်း၊ အစိုးရနဲ့ အဓိကတာဝန်ရှိသူတွေက ဖြေရှင်းပေးရမယ့်နည်းလမ်း စတဲ့နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့ပါ တယ်။ မရခဲ့ပါဘူး။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး NUG, PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ တည်ထောင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပါ တယ်။ ပြည်သူကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီလို အကြမ်းဖက်မှု၊ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။" လို့ ရှင်းလင်းပြောဆိုထားပါတယ်။

အကြမ်းဖက်အဖွဲ့တွေရဲ့ အဖျက်အမှောင့် လုပ်ရပ်များနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အဦ မီးရှို့ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော် ရှိခဲ့ပါ တယ်။ ဒါဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ နစ်နာမှုတွေပဲဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွေကို များစွာ ထိခိုက်ခဲ့ရပါ တယ်။ ဒါ့ကြောင့်လည်း ဒီကြေညာချက်ကိုထုတ်ခြင်းဖြစ်ပါတယ်။ ဒီကြေညာချက်ထုတ်ပြန်ရခြင်း အကြောင်း အရင်းတွေကတော့ (၁) ယနေ့မြန်မာနိုင်ငံရဲ့အခြေအနေ၊ (၂) ပြောင်းလဲလာတဲ့ နိုင်ငံတကာ အခြေအနေ၊ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်း စဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။" ဟု ပြောဆိုပါတယ်။

နိုင်ငံရေးပြဿနာအားနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်း နဲ့ ပတ်သက်လို့ "နိုင်ငံသူ၊ နိုင်ငံသားတိုင်း နေရာဒေသမရွေး ဒီမိုကရေစီစနစ်ကို ရယူခံစားနိုင်ခွင့်ရှိဖို့လိုပါတယ်။ ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိရပါမယ်။ ဒီအတွက် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရပါမယ်။ ဒီလိုဖြစ်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီး လှပါတယ်။ ဒါကို ဖော်ဆောင်နိုင်ဖို့ ဒီကြေညာချက် ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးနှောင်းကာလ ရေကြီးရေလျှံမှုဒဏ်တွေ၊ သဘာဝဘေး ဒဏ် ခံခဲ့ရပါတယ်။ နှစ် ၅၀/ ၁၀၀ အတွင်းမှာ အဆိုးရွားဆုံးဖြစ်စဉ်ပါပဲ။ ဒီအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ တော်တော်ပြင်းပြင်းထန်ထန်ကို ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နိုင်ဖို့၊ တည်ငြိမ်အေးချမ်းဖို့လိုပါတယ်။ ပြည်သူတွေ အပေါ်မှာ တစ်ပူပေါ် နှစ်ပူအဆင့်မခံစေချင်ပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။" ဟု ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်က ပြည်ဖျက်မိစ္ဆာတွေရဲ့ ရက်စက်ယုတ်မာကောက်ကျစ်မှုတွေကို သိမြင်ပြီး လူသားအရင်းအမြစ်တွေ မဆုံးရှုံးစေလိုတဲ့အတွက်ကြောင့် အတိုင်းထက်အလွန် သဘောထားကြီးစွာ ဖိတ်ခေါ်ခဲ့ပေမယ့် ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေကတော့ ပုံသဏ္ဍာန်မျိုးစုံနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေမြဲဖြစ်ပါတယ်။

အတိုင်းထက်အလွန် သဘောထားကြီးစွာ ဖိတ်ခေါ်ထားပြီးဖြစ်လို့ စားပွဲဝိုင်းကို ရောက်မလာတဲ့အဖွဲ့တွေ၊ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေမယ်ဆိုရင် မဖြစ်မနေ နှိမ်နင်းရမှာ ဖြစ်တာကြောင့် ၃-၉-၂၀၂၄ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရဲ့ တောင်ကြီးခရီးစဉ်အတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနဲ့ တွေ့ဆုံစဉ် အမှာစကားမှာ ထည့်သွင်း ပြောကြားခဲ့တာက "လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်သည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွါနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင် သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့/ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း" ပြောကြားခဲ့ပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရဲ့ မူကတော့ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဆိုတဲ့ မူအတိုင်း ကိုယ့်နိုင်ငံသူ/နိုင်ငံသားတွေအပေါ်မှာ မလိုအပ်ဘဲ အသက်ဘေးအန္တရာယ်ကျရောက်လာမှာကို အထူးပင် စိုးရိမ်ပူပန်တဲ့ သဘောရှိပါတယ်။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေကတော့ လူ့အသက်တွေကို တန်ဖိုးထားရကောင်းမှန်း မသိနိုင်တော့လောက်သည်အထိ ဆင်ကန်းတောတိုး မိုက်မြဲ မိုက်နေကြဆဲပါပဲ။

တန်ဆောင်မုန်းလပြည့်နေ့က တောင်ခမ်းမှာ အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်နေရတဲ့ တပ်မတော်အရာရှိ၊ စစ်သည်တွေရဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာတာရှိပါတယ်။ သူတို့အနေနဲ့ တိုက်ခိုက်နှိမ်နင်းမှုတွေ ဆောင်ရွက်နေရတယ်ဆိုတာ အမုန်းတရားနဲ့ တိုက်ခိုက်ခြင်းမဟုတ်ဘဲ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက်သာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတဲ့အပေါ် မဖြစ်မနေ နှိမ်နင်းဆောင်ရွက်ရခြင်း သဘောပါပဲ။ တဖက်က အကြမ်းဖက်အဖွဲ့တွေထဲမှာ အသုံးချခံအဖြစ်နဲ့ တိုက်ချင်ချင် မတိုက်ချင်ချင် တိုက်နေကြရတဲ့ အကြမ်းဖက်အဖွဲ့ဝင်များကိုလည်း စာနာမိကြောင်း တပ်မတော်အရာရှိက ပြောကြားထာပါတယ်။

တပ်မတော်သားတချို့ရဲ့ Telegram Channel များမှာ သတင်းထုတ်ပြန်ချက်များအရ အောက်တိုဘာလအတွင်း အကြမ်းဖက်နှိမ်နင်းရေးမှာ အကြမ်းဖက်သမား ၂၀၀၀ ဝန်းကျင်အထိ ထိန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တာကို တွေ့မြင်ရပါတယ်။ ယခု နိုဝင်ဘာလထဲမှာလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ မှာ အကြမ်းဖက်နှိမ်နင်းရေးကို အချိန်နဲ့တပြေးညီ အလေးထား လုပ်ဆောင်လာမှုအပိုင်းကို မြင်တွေ့ရပါတယ်။

ရဟန်းရှင်လူပြည်သူများက တိုင်းဖျက်၊ ပြည်ဖျက်၊ သာသနာဖျက် လုပ်နေကြတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ ရက်စက်ယုတ်မှုတွေ သည်းမခံနိုင်တော့တဲ့အတွက်ကြောင့် ၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ MNDAA အကြမ်းဖက်အဖွဲ့က စေတီတော်၊ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးမှုတွေ လုပ်လာတဲ့ အချိန်ကတည်းက အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားပြီး ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၄ နိုဝင်ဘာလအတွင်း မှတ်တမ်းများအရ အကြမ်းဖက်နှိမ်နင်းရေးဟာ အရှိန်အဟုန်ကောင်းလာတာကို တွေ့မြင်ရတဲ့အတွက် အကြမ်းဖက်အဖွဲ့အစည်းတွေကို လော်ဘီလုပ်ပေးနေတဲ့ ပြည်ဖျက်မီဒီယာတွေမှာ မဟုတ်မမှန် သတင်းတွေ ရေးသားဖြန့်ဝေပြီး သူ့နည်းသူ့ဟန်နဲ့ အောင်ပွဲခံနေကြလေရဲ့။ တပ်မတော်သားများရဲ့ နှိမ်နင်းဆောင်ရွက်မှုကြောင့် သေဆုံးသွားတဲ့ အကြမ်းဖက်သမားတွေရဲ့ ရုပ်အလောင်းဓာတ်ပုံတွေကို မဖော်ပြဖို့ ဖျောက်ဖျက်ပစ်ဖို့ ပိတ်ပင်သည်အထိ အကြမ်းဖက်ခေါင်းဆောင်များကလည်း စနစ်တကျ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

စာရေးသူရဲ့ အယူအဆကတော့ တိုက်ပွဲတစ်ရာ တပ်မတော်သားတွေ အောင်ပွဲတစ်ရာ ဖြစ်ရပါလိမ့်မယ်။ ဘာကြောင့်လဲလို့ မေးရင် တပ်မတော်ရှုံးရင် တိုင်းပြည်ပျက်ပြီပေါ့။ တပ်မတော်ရဲ့ သဘောထားကြီးမှု၊ သည်းခံမှုကို အခွင့်ကောင်းယူပြီး တပ်စခန်းတွေ သိမ်းပိုက်ခဲ့တာကို အကြမ်းဖက်ခေါင်းဆောင်များ က ဖော်ရှိုးပြပြီး မည်သို့ပင် ဂုဏ်ဆာနေပါစေ။ အပြစ်မဲ့ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများကို နည်းမျိုးစုံနဲ့ လုပ်ကြံသတ်ဖြတ်ပြီး ဂုဏ်ဆာခဲ့တဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်ကိုလည်း ပြည်သူများ သိမြင်နားလည်လောက်ပြီလို့ ယူဆပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တန်ပြန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်သွားမှာ ဖြစ်လို့ ပြည်သူများအနေနဲ့ အကြမ်းဖက်အဖွဲ့များရဲ့ အသုံးချခံ မဖြစ်စေဖို့ သတိပေးထားပြီး ဖြစ်တာကြောင့် အဆုံးသတ်မှာ ပြည်ဖျက်မိစ္ဆာတွေ ငိုပွဲဆင်ရလိမ့်မယ်။

နိုင်ငံတော်အကြီးအကဲရဲ့ သတိပေးတားမြစ်ချက်နဲ့အတူ ပြည်သူများကို ထပ်ဆင့် သတိပေးလိုတာက ကိုယ့်သား၊ ကိုယ့်သမီး အကြမ်းဖက်အဖွဲ့ထဲရောက်နေရင် ဖြစ်တဲ့နည်းနဲ့ ပြန်ခေါ်ကြပါ။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ အသုံးချခံ အဖြစ်နဲ့ ဘဝနိဂုံး အဆုံးမလှ ဖြစ်ရမယ့် အခြေအနေကို မိဘပြည်သူများက သိရှိနားလည် သဘောပေါက်ကြဖို့ ရေးသားတင်ပြလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)