ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းအခြေပြု ကျောင်းကျန်းမာရေးစစ်ဆေးမှုနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး၊ ဆုံဆို့၊ မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းအခြေပြု ကျောင်းကျန်းမာရေးစစ်ဆေးမှုနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး၊ ဆုံဆို့၊ မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး



ဗိုလ်တထောင်  ၊ နိုဝင်ဘာ ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အမှတ် (၄)အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံ‌ပေးခဲ့သည်။


 ထို့အပြင် ကျောင်းကျန်းမာရေးစစ်ဆေးမှုအနေဖြင့် KG မှ Grade-5 ထိ ကျောင်းသူ/ကျောင်းသားလေး များအား သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးခြင်းအစရှိသည့် ကျောင်းကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ထိုးနှံရန်ကျန်ရှိသောကျောင်းများအား ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းများ ဆက်လက်ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)