ရန်ကုန်၊ နိုဝင်ဘာ ၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်၊ နယ်မြေတာဝန်ခံ ဒေါက်တာနေလင်း၊ တိုင်းပါတီကော်မတီဝင်နှင့် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးသန်းမြင့်၊ အမျိုးသမီးရေးရာတာဝန်ခံ တိုင်းပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်းနှင့် သတင်းမီဒီယာတာဝန်ခံ ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီနှင့် ကော်မတီများလိုက်ပါလျှက် နံနက်( ၁၀း၀၀)အချိန်က ထန်းတပင်မြို့နယ် တက်သစ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုရှိ ပါတီဥက္ကဋ္ဌများ၊ တောင်သူလယ်သမားများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ပါတီတာဝန်ရှိသူများနှင့် နယ်မြေကွင်းဆင်း တွေ့ဆုံခဲ့ကြောင်းသိရသည်။
နယ်မြေတာဝန်ခံ ဒေါက်တာနေလင်းမှ အဖွင့်အမှာစကားနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဆိုင်များပြောကြားခြင်း မိမိတို့ပါတီအနေဖြင့် ဒို့တာဝန်အရေး (၃)ပါးအား ဦးထိပ်ပန်ဆင်ကာ ကျင့်သုံးပြုမူ လိုက်နာဆောင်ရွက်သွားကြရန်၊ ပါတီဝင်များပိုမိုကျယ်ပြန့်၍ သိရှိကြစေရေး၊ ၂၀၂၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ တိုင်း/ ခရိုင်/ မြို့နယ်/ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ပါတီဝင်ထု ခိုင်မာကျစ်လစ်စွာ စုစည်းစိစစ်ရေးများ ပြုလုပ်ကြရန်ပြောကြားသည်။
တောင်သူလယ်သမားရေးရာတာဝန်ခံ၊ တိုင်းပါတီကော်မတီဝင် ဦးသန်းမြင့်မှ တောင်သူလယ်သမားများနှင့်တွေ့ဆုံပြီး လယ်သမားများ၏ အခက်အခဲများကို မေးမြန်းပြီး တောင်သူလယ်သမားများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လယ်သမားရေးရာတာဝန်ခံမှ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့၊ ဌာနဆိုင်များနှင့် ချိတ်ဆက်ကူညီပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းမှ အမျိုးသမီးရေးရာကဏ္ဍများ ရှင်းလင်းဆွေးနွေးပြီး တိုင်းမီဒီယာတာဝန်ခံ ဒေါ်အိအိလှိုင်မှ လူငယ်နှင့် မီဒီယာကဏ္ဍတို းတက်လာစေရန် လုပ်ငန်းစီမံချက်များ၊ ပါတီ၏ရေးရာကဏ္ဍပေါင်းစုံ တိုးတက်လာစေရေး၊ ပါတီဗဟိုနှင့် တိုင်းဒေသကြီးပါတီ၏ ဆောင်ရွက်နေသောလုပ်ငန်းများ၊ ရေတို/ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သက်ဆိုင်ရာ နယ်မြေတာဝန်ခံများ၊ ခရိုင်/မြို့နယ်ပါတီများ မဖြစ်မနေကြိုတင်စီမံဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ နယ်မြေဒေသ မြေပြင်အလိုက် စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များအား အသေးစိတ်ချပြ ရှင်းလင်းဆွေးနွေးခဲ့သည်။
အစီစဉ်များအရ ရပ်ကွက်-ကျေးရွာ နယ်မြေတာဝန်ခံ၊ ပါတီဥက္ကဋ္ဌများ မြို့နယ်ပါတီဝင်များ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ပါတီတာဝန်ရှိသူများမှ မိမိတို့၏နယ်မြေ ဒေသအလိုက် ပါတီ၏ စည်းရုံးလှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများ၊ နယ်မြေကွင်းဆင်းစဉ် ပြည်သူများ၏ တင်ပြအကြံပြုချက်များအား နယ်မြေတာဝန်ခံနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့မှ ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲအားမွန်းတည့်( ၁၂း၀၀) ရုပ်သိမ်းခဲ့သည်။
တွေ့ဆုံပွဲသို့ တက်ရောက်သူအင်အားမှာ တက်သစ်ကျေးရွာအုပ်စုတွင်( ၇၅၀)ဦး ကမြိုင်ကျေးရွာတွင်( ၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost






No comments:
Post a Comment