၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၇

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ၂၃ နည်းမှ အသင်းလိုက်အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်နှင့် ခရစ်ကက် အားကစားနည်း ၁၀ နည်းနှင့်ပတ်သက်၍ ပြိုင်ပွဲပွဲစဉ်ဇယား ကြိုတင်ရေးဆွဲနိုင်ရေးအတွက် အုပ်စုမဲနှိုက်ခြင်းကို ယမန်နေ့က နေပြည်တော်ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် ၁၀ နှစ်ကျော်ကြာမှ ပြန်လည်ကျင်းပသည့် အမျိုးသားအားကစားပွဲတော်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရေးနှင့် ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားကစားလာစေရေးစသည့် ဦးတည်ချက် ၅ ချက်ဖြင့် ယခု အမျိုးသားအားကစားပွဲတော်ကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအဆင့် အားကစားနည်းခြောက်နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်းနှင့် မသန်စွမ်းအားကစားနည်းလေးနည်းတို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင် ကစားရာတွင် တရားမျှတမှုရှိစေရေး၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် တည်းခိုနေထိုင်၊ သွားလာ၊ စားသောက်မှုနှင့် လေ့ကျင့်မှုများတွင် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများအတိုင်း လိုက်နာစေရေးကြပ်မတ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီအတွင်းရေးမှူး အသင်းလိုက်အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်နှင့် ခရစ်ကက်အားကစားနည်း ၁၀ နည်းတို့၏ အုပ်စုမဲနှိုက်ခြင်းများကို ဆောင်ရွက်သည်။

အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ခံကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)