မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်


မော်လမြိုင်၊ နိုဝင်ဘာ ၄

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက် (၁၃-၁၁-၂ဝ၂၄)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ (၁၅-၁၁-၂ဝ၂၄) ရက်နေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အမည်ဖြင့် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မသိုးသင်္ကန်း ရက်လုပ်ခြင်းဟာဆိုရင် ရာစုနှစ်ပေါင်းများစွာ အစဉ်အမြဲ ကျင်းပလာတဲ့ ပွဲတော်တစ်ခုဖြစ်ကာ တန်ဆောင်မုန်းလပြည့်ညမှာ ဗုဒ္ဓဘာသာဝင်များက မသိုးသင်္ကန်းရက်ပြီး မြတ်စွာဘုရားအား လှူဒါန်းပူဇော်ခဲ့ရာ “မသိုးသင်္ကန်း” ရက်လှူပွဲဟူတဲ့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ခုဖြစ်ပေါ်လာခြင်းလည်း ဖြစ်ပါကြောင်း၊ အဓိက ရည်ရွယ်ချက်ကတော့ သင်္ကန်းရက်ပြိုင်ပွဲ ကျင်းပပြီး ဘုရားသို့ ပြိုင်ပွဲဝင်အဖွဲ့များက သင်္ကန်းကို ညတွင်းချင်းအပြီးရက်ကာ မနက်အာရုဏ်တွင် ဘုရားသို့ ကပ်လှူခြင်းဖြစ်ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲမှာ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး (၁၅)ခုတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်၍ မွန်ပြည်နယ်ကိုယ်စားပြုအသင်းအနေနဲ့ ပထမဆုံးအကြိမ် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေနှင့်လည်း ပြိုင်ပွဲအသင်းအုပ်ချုပ်သူ၊ ကြီးကြပ်သူများရဲ့ လမ်းညွှန်မှုများကို လိုက်နာပြီး မိမိတို့ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် အသင်းအနေနဲ့ အုပ်ချုပ်သူနှင့်တကွ အသင်းသားများအားလုံး တက်ညီ လက်ညီပူးပေါင်းကာ ပထမဆုဖလား ရရှိပြီး ပြည်နယ်ဂုဏ်ကို ဆောင်နိုင်ကြစေလို့ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)