တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ်(အဝေးသင်သင်တန်း) တတိယအသုတ်(ဝိဇ္ဇာ) ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ်(အဝေးသင်သင်တန်း) တတိယအသုတ်(ဝိဇ္ဇာ) ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်






ပုသိမ်၊ နိုဝင်ဘာ ၃

၂၀၂၄ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် (အဝေးသင်သင်တန်း) တတိယအသုတ်(ဝိဇ္ဇာ) (၂၀၂၃)အောင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပုသိမ်တက္ကသိုလ်ကြီး၌ မောင်မယ်သစ်လွင် ကြိုဆိုပွဲများကို ပြုလုပ်ကျင်းပပေးလျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့သည် မိသားစုဝင်ငွေရရှိရေးလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေကြသူများဖြစ်ပြီး ပညာရေးကဏ္ဍများတွင်လည်း ကျန်ခဲ့ခြင်းမရှိအောင် တက္ကသိုလ်ကြီးတွင် အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးနေကြသူများလည်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ လူငယ်များအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ရမည့်သူများဖြစ်ပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ တွေးတောကြံဆခြင်း အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးရာ နေရာလည်းဖြစ်ပါ ကြောင်းနှင့် အဆင့်မြင့်ပညာရပ်များကို စနစ်တကျပို့ချပေးသည့် ကျောင်းတော်ကြီးလည်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့ကို Clean City ၊ Green City ၊ Smart City ဖြစ်စေရေးနှင့် ပုသိမ်တက္ကသိုလ်၏ ပညာရေးကဏ္ဍများ တိုးတက်မြင့်မားစေရန်၊ သန့်ရှင်းသာယာစိမ်းလန်းစိုပြည်စေရန်နှင့် အားကစားကဏ္ဍတိုးတက်မြင့်မားစေရန် အဆောက်အဦများ၊ ဥပဓိရုပ်များကောင်းမွန်ပြည့်စုံစေရန် ပံ့ပိုးဆောင်ရွက်လျက်ပေးရှိပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စာပေ၊ အားကစား၊ အနုပညာစသည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် လုပ်ငန်းခွင်မပျက်ဘဲ ပညာရေးခရီးကိုရှေ့ဆက် ပြီးမြောက်အောင်မြင်အောင် ကြိုးစားသင်ယူရင်းဖြင့် မိမိတက္ကသိုလ်၊ တိုင်းဒေသကြီး၊ နိုင်ငံတော်၏ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ချီးမြှင့်ထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။

ထို့နောက် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က ပညာရေးဝန်ကြီးဌာန၏ ပညာရေးကဏ္ဍအတွက် ဆောင်ရွက်ထားရှိမှုများနှင့် မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်အားကစားကွင်း၌ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် ဘောလုံးအားကစားအဖွဲ့၏ စခန်းသွင်းလေ့ကျင့်နေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး စည်းစနစ်တကျဆောင်ရွက်စေရေး၊ လေ့ကျင့်မှုမပျက်ဆောင်ရွက်စေရေးနှင့် ကျန်းမာကြံ့ခိုင်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)