ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ - လာအို နှစ်နိုင်ငံနယ်စပ် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်နှင့် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ - လာအို နှစ်နိုင်ငံနယ်စပ် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်နှင့် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ နိုဝင်ဘာ ၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိ သူများသည် ၇-၁၁-၂၀၂၄ ရက်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် မဲခေါင်မြစ်၏ မြန်မာဘက်ခြမ်းရှိ ဝမ်ပုံဆိပ်ကမ်းလှေဆိပ်နေရာနှင့် ဝမ်ပုံ အပြည်ပြည်ဆိုင်ရာဝင်ထွက်မှု စစ်ဆေးရေးဂိတ်သို့ ရောက်ရှိပြီး ဝမ်ပုံဆိပ်ကမ်း လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass) ဆောင်ရွက်သည့်နေရာနှင့် ဝမ်ပုံလှေဆိပ် နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ဝမ်ပုံ) တပ်ဖွဲ့ ခွဲဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ရဲတပ်ဖွဲ့ရေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ရှု၍ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ရေကြောင်း ရဲတပ်ဖွဲ့ခွဲ (ဝမ်ပုံ) အစည်းအဝေးခန်းမ၌ မြန်မာ - လာအို နှစ်နိုင်ငံ နယ်စပ်လုပ်ငန်းများဆောင်ရွက်နေသည့် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်တွေ့ဆုံကာ မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ်ဒေသ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်နှင့်အညီ နှစ်နိုင်ငံ ကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ကြိုတင်စီစဉ်ဆောင်ရွက်ထားနိုင်ရေး၊ လန်ချန်း - မဲခေါင်ကုန်သွယ်မှု မူဘောင်အရ ဆောင် ရွက်နေသော်လည်း လက်ငင်းဆောင်ရွက်ရန် လိုအပ်ပါက အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတား၌ ကုန်တင်ယာဉ်နှင့် လူစီးယာဉ်များ ဝင်ထွက်သွားလာနေမှုအပေါ် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အမှတ်(၁) ချစ်ကြည်ရေးတံတား၌ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများအား နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်(BP)နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) တို့ဖြင့် ဖြတ်သန်းခွင့်ပြု ဆောင်ရွက်နေမှု၊ (TBP) လာရောက်ဆောင်ရွက်သည့် ပြည်သူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများ အား လုပ်ငန်းဆိုင်ရာ အခက်အခဲများ မေးမြန်း၍ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန တာချီလိတ်ခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွား၍ ရုံးအဆောက်အဦများ ပြန်လည်သန့်ရှင်းသပ်ရပ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ တာချီလိတ်၊ မိုင်းတုံနှင့် မိုင်းဆတ်ခရိုင်ရှိ ခရိုင်နှင့် မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲမှ ဝန်ထမ်းများအား တွေ့ဆုံ၍ နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်သူကို ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အပြန် အလှန် ရိုင်းပင်းကူညီဆောင်ရွက်ကြရေး မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာချီလိတ်မြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စာရင်းဇယားအချက်အလက်များ မှန်ကန်ရေးနှင့် ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လုံခြုံရေးသတိ အမြဲရှိရန် မှာကြားကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)