အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ



ရန်ကုန်၊ နိုဝင်ဘာ ၉

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃ ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ တာဝန်ရှိသူ များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမများသည် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီး စည်းလုံးညီညွတ်မှုရရှိစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ကောင်းမွန်လာစေရန် ရည်ရွယ်လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် အကျိုးရှိအောင် အသုံးပြုကြပြီး မျိုးဆက်သစ် ကျောင်းသားလူငယ်များအား နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် လူကောင်း၊ လူတော် နိုင်ငံ့သားကောင်းများဖြစ်အောင် ဆက်လက်ပြုစုပျိုးထောင်ကြစေလိုကြောင်း၊ ပါတီ နိုင်ငံရေးကင်းရှင်းပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆတက်ထမ်းပိုး ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများချီးမြှင့်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၇) သို့ သင်တန်းသား ၃၁ ဦး၊ သင်တန်းသူ ၃၅၈ ဦး စုစုပေါင်း ၃၈၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ရက်သတ္တ ငါးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)