အမ်း၊ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့ အခြေပြုစခန်းအား ဒရုန်းဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား အမြောက်အများ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမား အလောင်း အရေအတွက် စိစစ်ဆဲနှင့် AK-47 ၅ လက်၊ M-22 ၄ လက်၊ MA-1 ၂ လက်၊ MA-2 ၁ လက်၊ MA-3 ၃ လက်၊ ခဲယမ်းများ၊ လက်ပစ်ဗုံးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment