နေပြည်တော်၊ နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ်(၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကား ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ယူကတည်းက စီးပွားရေးနှင့် ပတ်သက်ပြီး အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုများစွာနှင့် အကြပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
ယနေ့ကာလ ကမ္ဘာ့စီးပွားရေးကိုကြည့်မည်ဆိုပါက ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး အားပြိုင်မှုများ၊ ရောဂါကပ်ဘေးသက်ရောက်မှု၊ သဘာဝပတ်ဝန်းကျင်ဘေး အန္တရာယ်ထိခိုက်မှု၊ ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ ပြဿနာ၊ နည်းပညာပြိုင်ဆိုင်မှု များ၊ စွမ်းအင်လုံခြုံရေး အခက်အခဲ စသည်တို့ကြောင့် ပထဝီစီးပွားရေးအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကျင့်သုံးမှုများ ပိုမိုတိုးပွားလာသည်ကိုလည်း တွေ့ရကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးရောစပ်ပေါင်းယှက် ဖြစ်ပေါ်လာသည့် စီးပွား ရေးအကြပ်အတည်း ပြဿနာအသစ်များကို မေခရိုစီးပွားရေးပညာရပ်နှင့် နိုင်ငံရေး ဘောဂဗေဒရှုထောင့်တို့ ပေါင်းစပ်ပြီး နည်းလမ်းသစ်နှင့် လေ့လာသုံးသပ် ဆောင်ရွက် ကြရန် လိုအပ်လာသည်ကို တွေ့ရှိရကြောင်း။
ကမ္ဘာ့ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့၏ အားပြိုင်မှုများကို မိမိတို့ နိုင်ငံ အနေဖြင့်လည်း အနည်းနှင့်အများ သက်ရောက်ခံစားကြရကြောင်း၊ မိမိတို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ယူကတည်းက စီးပွားရေးနှင့် ပတ်သက်ပြီး အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုများစွာနှင့် အကြပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတွင်းရှိ ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတိုင်းရင်းသားအားလုံး၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့သာမက အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ တန်းတူညီမျှ ရှိစေရေး၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးတို့အတွက် အလေးထား အကောင်အထည်ဖော်ပေးနေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စီးပွား ရေးပညာကို စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝဖြင့် လက်တွေ့အသုံးချတတ်မှုသည်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁)၊ ပုဒ်မ ၃၅ တွင် “နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် ဈေးကွက်အားနည်းချက် (Market Failure) များစွာရှိသည့်အတွက် အစိုးရကပါဝင်လုပ်ဆောင်နေရသည့် အခန်း ကဏ္ဍများစွာရှိနေကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများရှိနေသေးသည့်အတွက်လည်း ထည့် သွင်း စဉ်းစားရသည့် စီးပွားရေးကိန်းရှင်များစွာ ရှိနေကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက် လာသည်နှင့်အမျှ ဈေးကွက်နှင့် ပုဂ္ဂလိကအခန်းကဏ္ဍသည် ပိုမိုများပြား အရေးပါလာ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ချမှတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေ ကြောင်း၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများတွင် တာဝန်ထမ်း ဆောင်နေကြသူများ၊ စီးပွားရေးပညာရှင်များ၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံးက ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ၊ ခံနိုင်ရည်ရှိစွာ ပါဝင် အကောင်အထည်ဖော်ပေးကြရန်လည်း တိုက်တွန်းလိုကြောင်း၊ နိုင်ငံ၏အခြေခံအချက် အလက်များပေါ်တွင်မူတည်ပြီး စီးပွားရေးပညာရှင်များ အနေ ဖြင့် နိုင်ငံ့စီးပွားရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်သည်၊ မတူညီသည့် ဒေသအခြေ အနေများပေါ်မူတည်ပြီး ဒေသအလိုက် စီးပွားရေးကို ရေတို၊ ရေရှည်အတွက် မည်သို့ ဆောင်ရွက်သင့်သည် ဆိုသည်ကို ဖော်ထုတ်ကြရန်လိုကြောင်း။
ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုသည် ဈေးကွက်ဝင်သည့် ကုန်ထုတ်လုပ်မှု မြင့်မား ရန် အလွန်အရေးကြီးကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရ သည့် မိမိတို့နိုင်ငံသည် လက်ရှိပြည်ပပို့ကုန်ကို ၂ ဆ တိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အထောက်အကူရမည်ဖြစ်ကြောင်း၊ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် လယ်ယာ၊ သား ငါး၊ သစ်တောကဏ္ဍများတွင် လုပ်ကိုင်နေသူများဖြစ်သည်ဟု သန်းခေါင်စာရင်း အစီရင်ခံစာတွင် တွေ့ရှိရကြောင်း၊ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ်ယာထုတ်ကုန် နှင့် မွေးမြူရေးထုတ်ကုန်များသာဖြစ်ပြီး ပြည်နယ်၊ တိုင်းဒေသကြီးအားလုံး အခြေခံ အားဖြင့် တူညီကြကြောင်း၊ အသက် ၂၅ နှစ် အထက်လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့် သည် ပညာရေးအသင့်အတင့်သာရှိသောကြောင့် မိမိတို့အနေဖြင့် လယ်ယာစိုက်ပျိုး ရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အလေးထား ဆောင်ရွက် သင့်သည်ဆိုသည်မှာ ပေါ်လွင်နေကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အဓိကမောင်းနှင်အား သည် စီးပွားရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ယခုလက်ရှိအခြေအနေထက် တိုးတက်အောင် ဆောင်ကြဉ်းပေးရန် လိုကြောင်း၊ ထို့အပြင် ပြန်လည်ရရှိနိုင်သည့် သဘာဝကုန်ကြမ်းကိုအခြေခံသော ကုန် ထုတ်လုပ်မှုများကို အားပေးကြရမည်၊ ဝါ၊ ဝါး၊ ရာဘာကုန်ကြမ်းတို့ကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ရမည်၊ ကိန်းဂဏန်းများအရ တိုးတက်မှုသာမက လက်တွေ့ကျကျတိုးတက်အောင် ဆောင်ရွက်ကြရမည်၊ အဓိကကျ သည့် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် အထွက်နှုန်းကောင်းမွန်ရေး တစ်နည်းအားဖြင့် ပန်းတိုင် ရည်မှန်းချက်ပြည့်မီကျော်လွန်ရေး၊ သီးထပ်စွမ်းအား မြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ရေး မူ(၃)ရပ်ကို အခြေခံပြီး ဆောင်ရွက်ပေးနိုင်ကြရန် တိုက်တွန်းလို ကြောင်း။
မိမိတို့နိုင်ငံ GDP ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိကကဏ္ဍ၏ ထုတ်လုပ်မှုများ ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးလုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းသည်လည်း အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများသာ ဖြစ်ကြကြောင်း၊ ထို့ကြောင့် ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုနှင့် Agro-based Industry ကို အဓိကထားပြီး MSME များဖွံ့ဖြိုး တိုးတက်မှုတို့ကို တွဲဖက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းများကို ပံ့ပိုးပေး လျက်ရှိကြောင်း ပြောကြားသွားသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment