တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု/လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု/လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်



ပုသိမ်  ၊  နိုဝင်ဘာ ၂၉


ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


 ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုကဲ့သို့ တွေ့ဆုံခြင်းသည် တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်လုပ်တိုးတက်မှုအခြေအနေများကို တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များ၏ ဆောင်ရွက်မှုများကို သိလို၍ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ အဓိကလည်ပတ်လျက်ရှိသည့် စက်မှုလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပညာရှင်များ၊ တက္ကသိုလ်များမှ ပါမောက္ခများနှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပြည်တွင်းနှင့်ပြည်ပသို့ တင်ပို့နိုင်မည့်ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက်သုတေသနအပါအဝင် လိုအပ်သည့် ကဏ္ဍအသီးသီးတွင် သုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ အဓိကထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်မှုအခြေအနေများနှင့် ရှေးအလားအလာများအတွက်လည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း၊ မိမိတို့တိုင်းဒေသကြီး၌ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများကိုလည်း ဖိတ်ခေါ်ပါကြောင်းနှင့် လေ့လာနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ပိုးမှုကောင်းကောင်းဖြင့် ပြည်တွင်းပြည် ပဈေးကွက်သို့ပါ ထိုးဖောက်နိုင်ရေးဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်းနှင့် အသင်းအဖွဲ့များအနေဖြင့် ပေါင်းစည်းမှုကောင်းကောင်း စိတ်တူကိုယ်တူဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။


ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှုးက ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သားငါး၊ ထုတ်ကုန်များ၏ ထုတ်လုပ်မှု၊ စားသုံးမှု၊ တင်ပို့မှုများနှင့် ပတ်သက်သည့် ဆွေးနွေးမှုများ၊ ARCCI အသင်းဥက္ကဋ္ဌက အသင်း၏ လက်ရှိအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ဆွေးနွေးမှုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များ၏ ဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)