တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပိတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပိတ်ပွဲကျင်းပ








နေပြည်တော်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ပိတ်ပွဲ ကို နိုဝင်ဘာလ ၁၇ ရက် ညပိုင်းတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာ မီးပုံးပျံကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှု အကအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ခရီးသွားပွဲလာပရိတ်သတ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ၏ ဆီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြသည်။ ထို့နောက် ပြိုင်ပွဲဝင် စိန်နားပန် မီးပုံးပျံကြီး ၃ လုံး၊ ညမီးကြီး မီးပုံးပျံ ၄ လုံး တို့၏ လွှတ်တင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး မီးရှူးမီးပန်းများ လွှတ်တင်ပစ်ဖော်ခြင်း၊ စိန်းနားပန် မီးပုံးပျံလွှတ်တင် ခြင်းနှင့် မီးပုံးပျံငယ်များလွှတ်တင်ခြင်းများ ဆောင်ရွက်ကြပြီး တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များက တောင်ကြီးတန်ဆောင်တိုင် ဆုရတေးသီးချင်းဖြင့် ကပြဖျော်ဖြေ ခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)