တပ်ကုန်းမြို့တွင် တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင် လေ့ကျင့် ပြင်ဆင်မှုများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့တွင် တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင် လေ့ကျင့် ပြင်ဆင်မှုများ ဆောင်ရွက်


နေပြည်တော်၊ နိုဝင်ဘာ ၉

နေပြည်တော်၊ တပ်ကုန်းမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယမန်နေ့ညက မီးပုံလွှတ်တင်ခြင်း၊ မီးရှူးမီးပန်း ဖောက်ခြင်းများ စမ်းသပ်လေ့ကျင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၊ တန်ဆောင်တိုင်ပွဲတော် ၁၅.၁၁.၂၀၂၄ ရက့်နေ့ တန်ဆောင်မုန်းလပြည့်နေ့  ညတွင် လှည့်လည်ဖျော်ဖြေရေးယာဉ်ဖြင့် အဆိုတော် ဆိုတေး၊ သဉ္ဇာမြင့်မိုရ်၊ ပိုပိုမြင့်အောင်၊ ရသ  (ဂျေဖိုင်းယား)၊ ရွှေနန်းထက်၊ ကြည်သာ၊ တက်သစ်စ အဆိုတော် ၃ ဦး စုစုပေါင်း ၉ ဦးဖြင့် လှည့်လည်ဖျော်ဖြေမည်။

၁၆.၁၁.၂၀၂၄ ရက့်နေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ တွင် ဖျော်ဖြေရေးယာဉ်ဖြင့် အဆိုတော် ဖော်ဝေး၊ ရွှေမော်၊ လာဒင့်ထားရည်၊ ဆိုတေး၊ သဉ္ဇာမြင့်မိုရ်၊ ပိုပိုမြင့်အောင်၊ ကြည်သာ၊ တက်သစ်စ အဆိုတော် ၃ ဦး စုစုပေါင်း ၁၀ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။






တန်ဆောင်တိုင် ပွဲတော်ရက်တွင် မြို့နယ်ဘောလုံးကွင်းအတွင်း နွားယဉ်ကျော့ပြိုင်ပွဲ ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ပထမဆု ၅၀ သိန်း၊ ဒုတိယဆု ၄၀ သိန်း၊ တတိယဆု ၃၀ သိန်း၊ ပြိုင်ပွဲဝင်ဆု အထူးဆု ၅ သိန်း ချီးမြှင့်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

အစမ်းလေ့ကျင့်မှုများကို တန်ဆောင်တိုင်ရက်မတိုင်မီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)