ချင်းမိုင်၊ နိုဝင်ဘာ ၁၆
ချင်းမိုင်မြို့၊ မြို့တော်ဝန် Mr. Assanee Buranupakorn ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ၁၄-၁၁-၂၀၂၄ ရက်တွင် ချင်းမိုင်မြူနီစီပယ်ရုံးက ကြီးမှူးကျင်းပသည့် Duean Yi Peng Chiang Mai 2024 Lantern Festival ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါပြပွဲသို့ ချင်းမိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ချင်းမိုင်မြို့တော်ဝန်နှင့်အတူ ချင်းမိုင်မြို့တွင် ဖွင့်လှစ်ထားသော ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များနှင့် ချင်းမိုင်ပြည်နယ်အစိုးရရုံးများ မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအပြီးတွင် ဆက်လက် ကျင်းပပြုလုပ်သည့် တေးဂီတရေပန်းပွဲတော်နှင့် မီးရှုးမီးပန်းပစ်လွှတ်ပြသပွဲများသို့ ကောင်စစ်ဝန်ချုပ် က အခြားဧည့်သည် တော် များနှင့်အတူ တက်ရောက်အားပေးခဲ့သည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့ မိသားစုသည် ၁၅-၁၁-၂၀၂၄ ရက် (တန်ဆောင်မုန်း လပြည့်နေ့)တွင် ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန် မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် ချင်းမိုင်မြို့ ရောက် မြန်မာအသိုက်အဝန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ကျောင်းနေ သံဃာတော်များကို ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် ပွဲတော်သို့လာရောက်ကြသည့် မြန်မာ နိုင်ငံသားများအား စတုဒိသာ ကျွေးမွေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment