မြိတ်မြို့တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်





မြိတ် ၊ နိုဝင်ဘာ ၂၂


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ရာသီဥတုပြောင်းလဲမှုအကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များ စသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ကရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အ.ထ.က(ခွဲ) ရွှေပေးကျောင်းတွင် ပြုလုပ်ခဲ့သည်၊၊


ဟောပြောရာတွင် မြိတ်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာမှုနှင့် လျှော့ချရမည့်နည်းလမ်းများ၊ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Fire Hotspot များ၏ အကြောင်းအရင်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်ခြင်းကြောင့် ရာသီဥတုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။


ဟောပြောပွဲသို့ ကျောင်းအုပ်ကြီး၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၃၀၁)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာတာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဖြေကြား၍ တက်ရောက်လာကြသူများအား သစ်ပင်စိုက်ပျိုးမှု လက်ကမ်းစာစောင်များ ဖြန့်ဝေပေး၍ ကျောင်းသုံးဗလာစာအုပ်နှင့်ဘောပင်များပေးအပ်ခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)