တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ


နေပြည်တော်၊ နိုဝင်ဘာ ၁၅

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ အမျိုးသား ၄ ဦး(စိစစ်ဆဲ)က သေနတ်များကိုင်ဆောင်ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်း တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀ လုံး၊ တန်ဘိုးငွေ ၁၁၂၁ သိန်းကျပ်ခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် တာချီလိတ် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ တရားခံများဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှု ကျူးလွန်သူတရားခံများ ခိုအောင်းရောက်ရှိနေထိုင်လျက်ရှိသည့် အငှားနေအိမ်လိုင်းခန်း သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ တရားခံများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် ပြန်လည်ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ဖန်လီ(၃၄)နှစ် (ဘ)ဦးဖန်ကျင်းလျှမ်ပါ အမျိုးသား ၄ ဦးအား လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် ၄ လက်နှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်တစ်စီး၊ လုယက်မှုကျူးလွန်ရာမှ ရရှိသည့် လက်ကိုင်ဖုန်း ၁၂ လုံးတို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်။

အမှုမှ လူသတ်လုယက်မှုကျူးလွန်စဉ် တရားခံများအသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးအား သိမ်းဆည်းရမိနိုင်ရေး နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်ရှိ ဒေါ်တွမ်ရွှေရှန်း(စိစစ်ဆဲ)ပိုင်ဆိုင်သည့် အိမ်အမှတ်(ပလ-၂/၆၆၂)အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်၌ လူနေထိုင်ခြင်းမရှိဘဲ ဧည့်ခန်းအတွင်းမှ လုယက်မှုကျူးလွန် ရာတွင် အသုံးပြုခဲ့သည့် SHN/10109 Wave-110 ဆိုင်ကယ်နှင့် SHN/10543 Wave-110 ဆိုင်ကယ် ၂ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး နေအိမ်အား အသေးစိတ်စစ်ဆေးရှာဖွေခဲ့ရာ အိပ်ခန်း အတွင်းရှိ အိမ်သာမျက်နှာကြက်ပေါ်မှ အမေရိကန်နိုင်ငံထုတ် M-4 Carbine CAL 5.56 MM အမျိုး အစားသေနတ် ၄ လက်၊ ၎င်းကျည် ၁၃၀ တောင့်၊ ကျည်အိမ် ၂ ခု၊ ချက်နိုင်ငံထုတ် CZECH REPUBLIC 9MM CZ အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည် ၁၇ တောင့်၊ ကျည်အိမ် ၁ ခု၊ AK-47 အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည် ၇၈ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်ထိပ် ၃ ကွင်း၊ ပြောက်ကြားအစိမ်းရောင်ယူနီဖောင်း ၃ စုံ၊ ပြောက်ကြား ဦးထုပ်ဝိုင်း ၅ လုံး၊ အစိမ်းရောင်လည်တို ဖိနပ် ၂ ရံ၊ ပြောက်ကြားအစိမ်းရောင်မိုးကာ ၅ ထည်၊ အနက်ရောင်ခေါင်းစွပ် ၂ ခု၊ သေနတ်တိုက်တံ ၂ ချောင်း၊ သေနတ်တိုက်ဆီ ၄ ဘူးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)