ရမည်းသင်း ၊ နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရမည်းသင်းခရိုင်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဂုဏ်ထူးဖြင့်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရမည်းသင်းမြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် သီချင်းဖြင့်သီဆိုဖွင့်လှစ်ကာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်က အဖွင့်အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင်ပညာရေးမှူးတာဝန်ပေး ဦးခင်မောင်ဌေးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့က တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေ ထောက်ပံ့ပေးအပ်ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရမည်းသင်းခရိုင် အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အတွင်းဖြေဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ရမည်းသင်းမြို့နယ်မှ ၆ ဘာသာနှစ်ဦး၊ ၅ ဘာသာခြောက်ဦး၊ ၄ ဘာသာ (၁၄) ဦး၊ ၃ ဘာသာ (၁၂) ဦး၊ ၂ ဘာသာ (၃၆) ဦး၊ တစ်ဘာသာ (၇၇) ဦးနှင့် ပျော်ဘွယ်မြို့နယ်မှ ၆ ဘာသာတစ်ဦး၊ ၅ ဘာသာ (၈) ဦး၊ ၄ ဘာသာ (၇) ဦး၊ ၃ ဘာသာ (၉) ဦး၊ နှစ်ဘာသာ (၂၃) ဦး၊ တစ်ဘာသာ (၉၂) ဦးတို့ကို တစ်ဘာသာကျပ်တစ်သောင်းနှုန်းချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment