ICC တွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အား ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားမှုအပေါ် တရုတ်နိုင်ငံက ဝေဖန်ခဲ့ပြီး ရောမဥပဒေနှင့် နိုင်ငံတကာဥပဒေတို့ကို ကောင်းမွန်စွာ အဓိပ္ပာယ်ဖွင့်ဆို ကျင့်သုံးသင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်မစ္စမော်နင်းက ပြောကြားလိုက်သည်။
နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မစ္စမော်နင်း က “ပြဌာန်းထာသည့်ဥပဒေအရ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးခြင်းမပြုပါက ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံမဟုတ်သော နယ်မြေပေါ်တွင် ယင်းစာချုပ်အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် နိုင်ငံရှိ နိုင်ငံသားများက လုပ်ဆောင်သော လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ICC က တရားစီရင်ပိုင်ခွင့်မရှိပါ” ဟု ပြောကြားသည်။
ရခိုင်အရေးသည် ရှုပ်ထွေးလှသော သမိုင်းကြောင်းများ၊ လူမျိုးရေးနှင့် ဘာသာရေးနောက်ခံများရှိပြီး ဘက်ပေါင်းစုံက ချဉ်းကပ်ပြီး သတိရှိရှိ ဖြေရှင်းရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်တိုးတက်မှုများကို နီးကပ်စွာ လိုက်နာဆောင်ရွက်လျက်ရှိပြီး အခြေအနေတည်ငြိမ်ရေးနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း မော်နင်းက ပြောကြားသည်။
ဘင်္ဂါလီများအပေါ် ကျူးလွန်သည့် ကိစ္စများတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၌ တာဝန်ရှိသည်ဆိုသော စွပ်စွဲချက်နှင့် ဖမ်းဝရမ်းထုတ်ပေးရန်အတွင် ICC တွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)၏ ရှေ့နေချုပ် Karim Khan က နိုဝင်ဘာ ၂၇ ရက်တွင် လျှောက်ထားခဲ့မှုအပေါ် ပြည်ဖျက်မီဒီယာများတွင် နည်းမျိုးစုံဖြင့် ချဲ့ကားရေးသား၍ နိုင်ငံတော်အစိုးရအပေါ် ပြည်သူများ ယုံကြည်မှု ပျက်ပြားအောင် ဖန်တီးလုပ်ဆောင်နေသည်ကို တွေ့မြင်ရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စမော်နင်း က “နိုင်ငံတကာ ရာဇဝတ်ခုံရုံးသည် ရည်မှန်းချက်နှင့် ဘက်မလိုက်သော ရပ်တည်ချက်တစ်ရပ်ကို ဆုပ်ကိုင်ထားသင့်ပြီး၊ ပေါင်းစပ်ပါဝင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံမူများကို တင်းတင်းကျပ်ကျပ် လိုက်နာကာ ၎င်း၏လုပ်ငန်းဆောင်တာများနှင့် လုပ်ပိုင်ခွင့်များကို ဥပဒေနှင့်အညီ သတိရှိရှိ ကျင့်သုံးကာ ရောမဥပဒေနှင့် အထွေထွေ နိုင်ငံတကာဥပဒေတို့ကို ကောင်းမွန်စွာ အဓိပ္ပာယ်ဖွင့်ဆို ကျင့်သုံးသင့်သည်ဟု တရုတ်နိုင်ငံအနေနဲ့ အမြဲယုံကြည်ပါတယ်” ဟု ပြောကြားသည်။
ICC ရှေ့နေချုပ်၏ ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံး လျက်ရှိကြောင်း ပြည်ဖျက်မီဒီယာတစ်ခုမှ မေးမြန်းမှုအပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့က တုံ့ပြန်ပြောကြားထားသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment