နမ့်လန်၊ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်မြိုနယ်သို့ နိုဝင်ဘာ ၅ ရက် (ယနေ့) နေ့လည် ၁ နာရီနှင့် နေ့လည် ၂ နာရီကြားတွင် MNDAA အကြမ်းဖက်အဖွဲ့က လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ် ၂ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး နေအိမ်များ ပျက်စီးခဲ့ရသည်။
MNDAA အကြမ်းဖက်အဖွဲ့ ၏ ပစ်ခတ်မှုကြောင့် နမ့်မလွတ်ချောင်းရေကန်အတွင်း ၁ လုံး၊ ရေကန်ဘောင်ပေါ် ၁ လုံး၊ ပန်ဟိုက်ရွာအနီးတွင် ၁ လုံး၊ နမ့်လန်တောင်ပိုင်း ရပ်ကွက်တွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နမ့်လန်တောင်ပိုင်းရပ်ကွက်အတွင်း ကျရောက်တဲ့ လက်နက်ကြီး ကျည်ဆံသည် ဒေသခံ ဦးအိုက်ကွီး နေအိမ်အနီးကျရောက်၍ မောင်နှမဖြစ်သူ ကလေးငယ် ၂ ဦး (၁) မောင်စိုင်းခေး ၊ ၅ နှစ်၊ (မစိုးရိမ်ရ) (၂) မနန်းမိုးလင်း၊ ၉ နှစ်၊ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
MNDAA အကြမ်းဖက်အဖွဲ့အနေဖြင့် လူမဆန်သည့် လုပ်ရပ်များကို ကျူးလွန်နေခြင်း ဖြစ်ပြီး ဒဏ်ရာရရှိကလေးငယ်များအား တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု အားပေးထောက်ပံ့ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment