ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Pyotr ILYICHEV အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Pyotr ILYICHEV အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ နိုဝင်ဘာ ၂၀

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Pyotr ILYICHEV အား ၂၀-၁၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) ၊ (၁၃၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

 ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုမိုမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြန်မာ-ရုရှား၊ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညွှန်ကြားရေးမှူးချုပ် အဆင့်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ နှစ်နိုင်ငံအကြား ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာ၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

 အစည်းအဝေးနှင့် ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့၊ ရုရှားသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ 



Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)