ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Naypyitaw State Academy နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Naypyitaw State Academy နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ နိုဝင်ဘာ ၂၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယမန်နေ့က Naypyitaw State Academy နှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy ၏ စာသင်ဆောင်၊ စာသင်ခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမပညာသင်ကာလ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ၏ ကျောင်းအပ်နှံနေမှုများ၊ လက်တွေ့ခန်းအတွင်း ပညာသင်ကြားနေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည် ထောင်စုဝန်ကြီးက Naypyitaw State Academyတွင် ကျောင်းသား ဗဟိုပြု သင်ကြားမှုစနစ်ကို အကောင်အထည်ဖော်နိုင်ရန်၊ အရည်အသွေးရှိသော သင်ကြား သင်ယူမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် Up-to-date ဖြစ်သည့် Textbooks များ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ Internet Access နှင့် e-library အပါအဝင် သင်ထောက် ကူပစ္စည်းများကို ပြည့်စုံစွာ ဖြည့်ဆည်းပေးထားပြီးဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ် သည်များကို ဝိုင်းဝန်းလက်တွဲ၍ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ဘာသာ ရပ်ဆိုင်ရာ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် တက္ကသိုလ်ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးကိုလည်း အမြဲမပြတ် အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)