မန္တလေး၊ နိုဝင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ က လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်ပေးခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်သည် ယမန်နေ့ နိုဝင်ဘာ (၈) ရက်က ၊ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သိရသည်။
အသက် (၇၄)နှစ် အရွယ် ဦးဝင်းခိုင်သည် အထူးကြပ်မတ်ကုသဆောင် (ICU)၌ ဆေးကုသမှုခံနေရစဉ် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း၊ ယနေ့ နိုဝင်ဘာလ (၉) ရက်၊ ယနေ့ နံနက် (၁၁) နာရီ၌ ဆေးရုံကြီးရေခဲတိုက်မှ ကြာနီကန်သုဿာန်ကို ပို့ဆောင်င်္သဂြိုလ်မည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။
NLD အစိုးရလက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝင်းခိုင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ ဖြင့် အမှုဖွင့်ခဲ့ပြီး ထောင်ဒဏ် (၂၈) နှစ် ချမှတ်ခဲ့ကာ ၂၀၂၄ ခုနှစ် အောက်တိုဘာ(၂၉)ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ခြင်းဖြစ်သည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment