အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် တက်ရောက်


နေပြည်တော်၊ နိုဝင်ဘာ ၂၁

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲကို အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် တီမောလက်စ်တေလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကာ ဒီလီမြို့တွင် နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ Hybrid ပုံစံဖြင့် ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ကော်မရှင်ရုံးအရာထမ်းတို့က Online Platform မှ တက်ရောက်ကြပြီး ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်များက In person တက်ရောက်ခဲ့ကြသည်။

နှစ်ပတ်လည်အစည်းအဝေးတွင် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်၏ ၂၀၂၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ Mr. Virgilio da Silva Guterres က အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဖိုရမ်၏ အကြိမ် (၂ဝ) မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်းကာလ အတွင်း ဖိုရမ်အဖွဲ့ဝင်အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅) ရပ်နှင့်စပ်လျဉ်း၍ ဖိုရမ်အဖွဲ့ဝင်များ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ဖိုရမ်၏ Rules of Procedure (RoP) ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ အကျဉ်းသားများ လွှဲပြောင်းမှုနှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံ လူ့အခွင့် အရေးကော်မရှင်၏ ဆောင်ရွက်ချက်များ၊ ထိုင်ဝမ်အမျိုးသားလူ့အခွင့်အရေးကော်မရှင်က Right Con ခေါင်းစဉ်ဖြင့် ကျင်းပမည့်ဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်းဆိုင်ရာကိစ္စရပ်၊ သက်ကြီးရွယ်အိုအခွင့်အရေး ဆိုင်ရာကိစ္စရပ်နှင့် မလေးရှားနိုင်ငံ Sabah ပြည်နယ်ရှိ နိုင်ငံမဲ့ဖြစ်နေသူများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (APF) နှင့် ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးဆိုင်ရာအဖွဲ့ (APT) တို့နှင့် ဖိုရမ်တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ဖိုရမ်၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေးနောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့နှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများကို ဆွေးနွေးပြီး ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ပေးရေးနှင့်စပ်လျဉ်း၍ ကော်မရှင်၏အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးသည်။

နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် ၂၀၂၅ ခုနှစ်အတွက် ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က လွှဲပြောင်းပေးအပ်သည်။

နိုဝင်ဘာ၂ဝ ရက်တွင် ဖိုရမ်၏ဆက်စပ်ဆွေးနွေးပွဲကို “အရှေ့တောင်အာရှဒေသတွင်း စီးပွားရေး၊ လူမှု ရေးနှင့်ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ ကောင်းမွန်သောအလေ့အကျင့်များနှင့် အတွေ့အကြုံများ မျှဝေ ခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ တီမောလက်စ်တေနိုင်ငံသမ္မတ H.E. Dr. Josè Ramos-Horta တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားသည်။

ဆွေးနွေးပွဲသို့ ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့် အရေးကော်မရှင်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စား လှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရပ်ဆိုင်ရာပညာရှင်များ တက်ရောက်ပြီး ဆွေးနွေးပွဲအကြောင်းအရာနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)