မှော်ဘီ ၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်တွင်ရက်-၉၀ မျိုးစပါးအား(Seeder) ဖြင့်စိုက်ပျိုးထားသော မိုးစပါး စိုက်ခင်းအားစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံ နက် က ညောင်ကုန်းကျေး ရွာ၊တောင်သူဦးမြင့်ဦး၏ကွင်းအမှတ် ၆၆၅၊ဦးပိုင်အမှတ် ၃၄/၁ရှိ လယ်မြေတွင်ရိတ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ညောင်ကုန်းကျေးရွာ၊ တောင်သူဦးမြင့်ဦး၏ကွင်းအမှတ် ၆၆၅၊ဦးပိုင်အမှတ် ၃၄/၁ ရှိ လယ်မြေ၌ စိုက်ပျိုးထားသော ရက်-၉၀ မျိုးစပါးအား (Seeder)ဖြင့်စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းခဲ့ရာတစ်ဧက အထွက်နှုန်း(အစို) ၉၉.၄ဝ တင်းနှုန်းထွက်ရှိကြောင်းသိရသည်။
အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မှော်ဘီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြိုနယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး
ပြည့်ဖြိုးမောင်၊မြို့နယ်မြေစာရင်းဦးစီး ဌာန၊မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန် ထမ်းများ၊ညောင်ကုန်းကျေးရွာရှိအုပ် ချုပ်ရေးမှူးနှင့်တောင် သူ များတက်ရောက်ခဲ့ကြကြောင်းသ တင်းရရှိပါ သည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment