နည်းပညာတက္ကသိုလ်(ဘားအံ)၌The Project Show and Competition 2024 ပြပွဲ၊ ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(ဘားအံ)၌The Project Show and Competition 2024 ပြပွဲ၊ ပြိုင်ပွဲကျင်းပ







ဘားအံ၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့်နှင့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ဘားအံ)၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများ၏ The Project Show and Competition 2024 ပြပွဲ၊ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် နည်းပညာတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာ အောင်ဇော်လတ်တို့က အဆိုပါ The Project Show and Competition 2024 ပြပွဲ၊ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လေ့လာသည့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် (ဘားအံ)မှ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာဌာနများမှ ခင်းကျင်းပြသထားသော Project နှင့် ဒေသအကျိုးပြု MSME စာတမ်း  စုစုပေါင်း ၂၄ ခုကို လိုက်လံကြည့်ရှုအားပေးရာ ကျောင်းသား၊ကျောင်းသူများက သက်ဆိုင်ရာ Project၊ စာတမ်း တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် The Project Show and Competition 2024 ပြပွဲ၊ပြိုင်ပွဲအခမ်းအနားကို နည်းပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ပြပွဲ၊ပြိုင်ပွဲအတွက် ငွေကျပ် ၃၉၀၀၀၀ဝိ/-(သုံးဆယ်ကိုးသိန်း)ကို ချီးမြှင့် ထောက်ပံ့သည်။

ထို့နောက် ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်ဇော်လတ်က The Project Show and Competition 2024 ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရခြင်းပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာဌာ နများအလိုက် The Best Project 2024 နှင့် The Best MSME Paper 2024 ရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)