AAအကြမ်းဖက်အဖွဲ့၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအပေါ်
ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်
ရက်စွဲ ။ ။ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် MNDAA,TNLA အဖွဲ့များနှင့် ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးအမည်ခံ အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်လာသော AAအကြမ်းဖက်အဖွဲ့သည် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် အ ကြမ်းဖက်လုပ်ရပ်များကို စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် AAအကြမ်း ဖက်အဖွဲ့က တိုက်ပွဲများ ဖော်ဆောင်ခဲ့ခြင်းကြောင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့် မရဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
AAအကြမ်းဖက်အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရာတွင် ဗမာမုန်းတီး ရေးလှုံ့ဆော်၍ ရခိုင်လူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချကာ တပ်မ တော်သား၊ ရဲတပ်ဖွဲ့ဝင်တို့၏ မိသားစုဝင် သက်ကြီးရွယ်အို၊ ကလေးသူငယ်များကိုပါ ရက် စက်စွာ သတ်ဖြတ်ခဲ့သော လုပ်ရပ်များသည် လက်ခံနိုင်ဖွယ်ရာ မရှိသော အကြမ်းဖက် လုပ်ရပ်များဖြစ်ပါသည်။
အမ်းမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများတွင် အလံဖြူထောင်ခဲ့သော စစ်သုံ့ပန်း များကိုလည်း မြေကျင်းတူး၊ လည်လှီးသတ်ဖြတ်ပြီး မြေကျင်းထဲ တွန်းချသည့် ရုပ်သံမှတ် တမ်းများ ထုတ်ပြန်ခဲ့ခြင်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သော ကြောက်မက်ဖွယ် ရာ လုပ်ရပ်များဖြစ်ပါသည်။
အဆိုပါဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် AAအကြမ်းဖက်အဖွဲ့က စစ်သုံ့ပန်းများကို ကောင်းမွန်စွာ စောင့်ရှောက်ထားပါသည်ဟု ထုတ်ပြန်ပြောဆိုခဲ့ခြင်းများသည် အများပြည်သူကို လိမ်ညာခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။
AAအကြမ်းဖက်အဖွဲ့ က ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ ရက်စွဲဖြင့် မြန်မာ၊ အင်္ဂ လိပ်၊ တရုတ် သုံးဘာသာဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ၎င်းတို့အနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိပါကြောင်း ထပ်မံ ထုတ်ပြန်ထားသည်ကို တွေ့မြင်ရပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးနှစ် အဖြစ် ကြေညာ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့စဉ်ကလည်းကောင်း၊ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့ ရက်စွဲဖြင့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်သူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့စဉ်တွင်လည်းကောင်း AAအကြမ်းဖက် အဖွဲ့သည် ငြိမ်းချမ်းရေးလမ်းစဉ်ကို မျက်ကွယ်ပြု၍ အကြမ်းဖက်လုပ်ရပ်များကိုသာ ဆက်လက် လုပ်ဆောင်ခဲ့သည်။
ကျွန်ုပ်တို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ၏ အကြမ်းဖက်လုပ်ရပ် များဖြစ်ပေါ်ခဲ့စဉ် ၂၀၁၂ မှ ၂၀၂၀ ကာလတလျှောက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရှေးရှု၍ ရခိုင်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ခိုးဝင်ဘင်္ဂါလီများ၏ အကြမ်းဖက်လုပ်ရပ်များ၊ နိုင်ငံတကာဖိအားပေးမှုများကို အစဉ်သဖြင့်ပူးပေါင်းဆန့်ကျင်ခဲ့ကြပါသည်။ AAအကြမ်းဖက်အဖွဲ့ က ဗမာမုန်းတီးရေးလှုံ့ဆော်၍ တိုင်းရင်းသားအချင်းချင်း လူမဆန်စွာ ရက်စက်ယုတ်မာသည့် လုပ်ရပ်များ ကျူးလွန်နေသည့်အပေါ် ရခိုင်လူမှုအဖွဲ့ အစည်းများက နှုတ်ဆိတ်နေသည်မှာလည်း ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။
AAအကြမ်းဖက်အဖွဲ့သည် အပြောနှင့် အလုပ် ညီညွတ်ခြင်းမရှိပါ။ စစ်ရေးနှင့် မသက်ဆိုင်သည့် သက်ကြီးရွယ်အို၊ ကလေးသူငယ်များကိုပါ လူမျိုးရေးအမုန်းတရား ဖန်တီးပြီး ရက်စက်စွာ သတ်ဖြတ်ခြင်း၊ စစ်သုံ့ပန်းများကို ကောင်းစွာ စောင့်ရှောက်ထားပါသည်ဟု ထုတ်ပြန်ပြောဆိုပြီး ရက်စက်စွာသတ်ဖြတ်ခြင်း လုပ်ရပ်များ ကျူးလွန်ခဲ့သော အကြမ်းဖက်အဖွဲ့ ဖြစ်သဖြင့် AAအကြမ်းဖက်အဖွဲ့၏ ယုတ်မာရက်စက်သော လုပ်ရပ်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားစေရန် လူမျိုးရေးပဋိပက်္ခဖန်တီးပြီး အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့သည့် AAအကြမ်းဖက်အဖွဲ့ကို နိုင်ငံတော် အစိုးရအနေဖြင့် ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးပါရန် အနူးအညွတ် မေတ်္တာရပ်ခံ တောင်းဆိုသည်။
မြန်မာ့အမျိုးသားရေးကွန်ရက်
No comments:
Post a Comment